နမ့်ဆန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၁၃၀၀ ကျော်ရှိလာ

ဓာတ်ပုံ- V Dian Thein Han

တောင်ကြီး၊ စက်တင်ဘာ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ရက်မှ ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တိုက် ပွဲရှောင်ပြည်သူ၁၃၀၀ကျော်ရှိလာပြီဖြစ်တယ်လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။

ဓာတ်ပုံ- V Dian Thein Han

ဒီကနေ့ နံနက်အစောပိုင်းက နမ့်ဆန်မြို့၊ ကယားလမ်း​ကျေးရွာအုပ်​စု၊ ပန်​​စေမိန်း​ကျေးရွာအနီးမှာ နှစ်ဖက်တပ်တွေထိတွေ့မှုအနည်းငယ်ဖြစ် ပွားခဲ့ပြီးပန်​​စေမိန်း အ.မ.က စာသင်ေ​​ကျာင်း​မှာ တိုက်​ပွဲ​ရှောင်​ အိမ်​​ခြေ ၉၆စု၊ လူဦး​ရေ၃၅၇ဦး ခိုလှုံနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- V Dian Thein Han

"တိုက်ပွဲကတော့ ဒီနေ့မှာ ထိတွေ့မှုနည်းနည်းဖြစ်တယ်။မနေ့ညနေကအထိစစ်ဘေးရှောင် ၁၂၅၉ဦး၊ အိမ်ထောင်စုက ၃၂၄စုရှိတယ်။ဒီနေ့ မှာထပ်တိုးလာတာ လူဦးရေ၁၃၀၀ကျော်သွားပြီ။အတိအကျတော့ မသိရသေးဘူး"လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ နမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်က ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

ဓာတ်ပုံ- V Dian Thein Han

နမ့်ဆန်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ရက်မှ ယနေ့ စက်တင်ဘာ ၁၆ရက်နေ့အထိတိုက်ပွဲဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးသူ၁ဦး၊ ထိခိုက်ဒဏ်ရာရသူ၂ဦးရှိပြီး လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်၂ လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ- V Dian Thein Han

အဆိုပါစစ်ဘေးရှောင်တွေကို အိမ်ထောင်စုတစ်စုကို ကယ်ဆယ်ရေးပစ္စည်း၁၀မျိုး၊ လူတစ်ဦး ဆန်တစ်ပါတ်စာ တန်ဖိုးငွေ၂၁၀၀ကျပ်၊ သေဆုံးသူတစ်ဦးကို ၂သိန်းကျပ်၊ ဒဏ်ရာရသူတစ်ဦးကို၅သောင်းကျပ်နဲ့ နေအိမ်ပျက်စီးမှုတွေကို ပျက်စီးမှုတန်ဖိုးတွက်ချက်ပြီးတစ်အိမ်လျှင်၂သိန်းကျပ်နှုန်း ထောက်ပံ့ပေးထားတယ်လို့ ဦးသိန်းဝင်းထွဋ်ကပြောပါတယ်။

နမ့်ဆန်မြို့ရှိဇယန်းကြီး ဘုန်းကြီးကျောင်း၊ကယားကြီး ဘုန်းကြီးကျောင်း၊ ပန်းစာရီရွာ၊ ကယားလမ်း​ကျေးရွာအုပ်​စု၊ ပန်​​စေမိန်း ကျေးရွာ အ.မ.က စာသင်ေ​​ကျာင်း​တို့မှာ လူ၁၃၀၀ကျော်တိုက်​ပွဲ​ရှောင်​နေရပြီးအစားအသောက်နဲ့တခြား အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ပီးခဲ့တဲ့စက်တင်ဘာလ၁၄ရက် မနက်ပိုင်းအချိန်ကလည်း နမ့်ဆန်မြို့ပန်တူအူကျေးရွာကို လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွေပျက် စီးခဲ့ပြီး၆၅နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့်ဆန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၁၃၀၀ ကျော်ရှိလာ နမ့်ဆန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၁၃၀၀ ကျော်ရှိလာ Reviewed by THITHTOOLWIN on 03:18 Rating: 5
Powered by Blogger.