မြေပုံမြို့နယ် လမ်းပေါ်မှာ ရုပ်အလောင်းနှစ်လောင်း တွေ့

( မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နေရာပြပုံ)

 ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီး အလယ်ပိုင်းရပ်ကွက် ဈေးလမ်းဆုံမှာ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက်က တွေ့ရှိခဲ့ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောပါတယ်။

တူညီချက်တစ်ခုကတော့ အဲဒီရုပ်အလောင်းနှစ်ခုလုံး ခေါင်းပြတ်နေတာပါပဲ။ ဒီမြင်ကွင်း ဓာတ်ပုံ အများအပြားဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရောက်လာပါတယ်။

ရုပ်အလောင်းတွေကို ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံမှာ စစ်ဆေးဖို့ ပို့ထားကြောင်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က RFA ကို ပြောပါတယ်။

သူတို့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း ဦးဇာနည်ကျော်က ပြောပါတယ်။

သေဆုံးသွားသူ နှစ်ဦးဟာ အသက် ၄၀ ဝန်းကျင်တွေဖြစ်ပါတယ်။ တစ်ဦးဟာ ကမ်းထောင်းကြီးဒေသခံဖြစ်ပြီး နောက်တစ်ဦးက အမ်းမြို့နယ်မှာ နေထိုင်သူဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြေပုံမြို့နယ် လမ်းပေါ်မှာ ရုပ်အလောင်းနှစ်လောင်း တွေ့ မြေပုံမြို့နယ် လမ်းပေါ်မှာ ရုပ်အလောင်းနှစ်လောင်း တွေ့ Reviewed by THITHTOOLWIN on 14:24 Rating: 5
Powered by Blogger.