ပဲခူးမှာ လူတစ်သောင်းသုံးထောင်ကျော် ရေဘေးဒဏ်ခံရ

Photo: Myo Nyunt Naing Mzmptph
ပဲခူးမြစ်ရေတက်လာတာကြောင့် ပဲခူးမြို့မှာ လူဦးရေ ၁ သောင်း ၃ ထောင်ကျော်ကို ရေဘေးရှောင်စခန်း ၂၃ ခုမှာ ရွှေ့ပြောင်းနေရာချပေးထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေကို ပဲခူးဝန်းကျင် ဇိုင်းဂနိုင်တောင်ပိုင်း၊ ကျွန်းသာယာ၊ ကလျာဏီ၊ ရွာသစ်၊ မဇင်း၊ ကျောက်ကြီး၊ မြို့သစ်၊ ဘုရားကြီး စတဲ့ နေရာတွေမှာ ဖွင့်ထားတာပါ။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို မနေ့က ရောက်ရှိခဲ့ပြီး ရန်ကုန်-မန္တလေးကားလမ်းမကြီး နေရာတချို့နဲ့ မဇင်းရပ်ကွက် ရွှေသာလျောင်းလမ်းတွေမှာပါ ရေကြီးခဲ့တာကြောင့် ယာဉ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပရဟိတအသင်းတွေက ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ကူညီခဲ့ကြတာတွေလည်း ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပဲခူးမှာ လူတစ်သောင်းသုံးထောင်ကျော် ရေဘေးဒဏ်ခံရ ပဲခူးမှာ လူတစ်သောင်းသုံးထောင်ကျော် ရေဘေးဒဏ်ခံရ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.