ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ်ရှိ သတ္တမတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ


ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ်ရှိ သတ္တမတန်းကျောင်းသူတစ်ဦးကိုဆိုင်ကယ်တက္ကစီမောင်းသူမှ စက်တင်ဘာလ ၅ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။


ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်မှာနေထိုင်တဲ့ မ… … …(၁၃)နှစ်၊ဟာ အေးမြကန်သာရပ်ကွက်ရှိ အဖွားရဲ့နေအိမ်သို့ သွားရန် တစ်လမ်းတည်းနေ ဆိုင်ကယ်တက္ကစီမောင်းသူ ဇော်ဦး(ခ)ဇော်ငွေဦး အား ပို့ဆောင်ခိုင်းရာ ဇော်ငွေဦးမှ ဗိုလ်ချုပ်လမ်းအတိုင်းမမောင်းနှင်ပဲ ငါးသုံးလုံးတောင်ပတ်လမ်းအတိုင်းမောင်းနှင်ပြီး တောင်ထိပ်မရောက်ခင် ဘုန်းတော်ကြီးကျောင်းအနီးအရောက်တွင် ဇော်ငွေဦးမှ မ… … …ရဲ့ မျက်နှာအား လက်ဖြင့်ရိုက်နှက်ရာ မ… … … မှာ သတိလစ်မေ့မြောသွားပြီး သတိပြန်လည်လာချိန်တွင် မ … … … ၏ မိန်းမကိုယ်မှ သွေးအရမ်းထွက်နေပြီး အတွင်းခံဘောင်းဘီလည်းအနီးနားတွင်တွေ့ရှိခဲ့ကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဏ္ဏဝါရပ်ကွက် ၊ ပြည်တော်အေးဘုရားအနီး ၊ တပ်ကုန်းလမ်းတွင်နေထိုင်သည့် ဇော်ဦး(ခ)ဇော်ငွေဦး(၃၀) နှစ်အား ကော့သောင်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294
ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ်ရှိ သတ္တမတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ်ရှိ သတ္တမတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.