ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသူများဖမ်းဆီးရမိ


ကလေး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ဆိုင်ကယ်၊ဖုန်း၊ဆွဲကြိုး ၊နာကပ် နှင့် ပိုက်ဆံများကို လုယက်ခဲ့သည့် လူ (၆) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့မရဲစခန်း မှ ရဲအုပ် ဗိုလ်ဗိုလ်အောင် က ပြောသည်။

၎င်း ၆ ဦး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၇ ရက်က တစ်ကြိမ် ၊စက်တင်ဘာ ၃ ရက်တွင် (၂)ကြိမ် ၊စက်တင်ဘာ ၁၁ ရက်တွင် (၂) ကြိမ် ၊စက်တင်ဘာ ၁၄ ရက်တွင် ၁ ကြိမ် စုစုပေါင်း လုယက်မှု (၆)ကြိမ် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။လုယက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများသည် ကလေးမြို့နယ် စလင်းတိုက်ရပ်ကွက်နေ ကိုဇင်မင်းဦး (၁၉) နှစ် ၊ အောင်ဇေယျရပ်ကွက် နေ ကိုရန်လင်းထွန်း(၁၆) နှစ် ၊အရှေ့ခုံသာရွာသစ်နေ ကိုညီညီမင်း(၂၅) နှစ် ၊ မန္တလေးမြို့နယ် မှ ကိုဟိန်းမင်းဦး နှင့်ငထက်(ခ)အိုးကြီး နှင့် ကိုအောင်မြင့်ထွန်း(ခ) ကုလား တို့ ဖြစ်ကြောင်းသိရသည်​။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူများကို ကလေးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသူများဖမ်းဆီးရမိ ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသူများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 03:28 Rating: 5
Powered by Blogger.