လိပ်ကျွန်းအမှုက ဝင်းနဲ့ဇော်ထံ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့သွားတွေ့နေ

ဝင်းနဲ့ဇော်ထံ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့သွားတွေ့
လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံထားရတဲ့ ဝင်းနဲ့ဇော်တို့အတွက် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရဖို့၊ အသနားခံ စာကိစ္စနဲ့ အခြားလိုအပ်တာတွေဆောင်ရွက်ပေးဖို့အတွက်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဘန်ခဝမ်ဗဟိုအကျဉ်းထောင်ကို သွားနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ရှေ့နေ ဦးအောင်မျိုးသန့်တို့ သွားရောက်တွေ့ဆုံနေကြပါတယ်။

သံအမတ်ကြီးအနေနဲ့ နိုင်ငံတော်အစိုးရကိုယ်စား မိမိနိုင်ငံသားဒီလိုဖြစ်တဲ့အချိန်မှာ ၁ အချက် အသနားခံစာ တင်ရမယ့်ပုံစံ၊ ၂ အချက် ကလေးတွေသဘောထား ဘယ်လိုဖြစ်ချင်လဲ၊တတ်နိုင်သမျှ ကူညီပံ့ပိုးနိုင်မယ့် ပစ္စည်း ပစ္စယတွေ ပေးဖို့ ၃ အချက် သူတို့မိဘတွေနဲ့တွေ့ရအောင် သံအမတ်ကြီးက စီစဉ်ဆောင် ရွက်ပေး မယ်လို့ ပြောပါတယ်။ အဲ့အတွက်ကိုလည်း ကလေးတွေသဘောထား နဲ့ထောင်ကခွင့်ပြုနိုင်မယ့် အချိန်မျိုး ကို စီစဉ်ပေးဖို့ သွားတွေ့မယ်'' လို့ ဒီလိုထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးကတာဝန်ရှိသူတွေ ဘန်ခဝမ်ဗဟို အကျဉ်းထောင်ကိုသွားရတဲ့ကိစ္စ နဲ့ပတ်သက်ပြီးရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကိုပြောပြပါတယ်။

BBC Burmese
https://www.bbc.com
လိပ်ကျွန်းအမှုက ဝင်းနဲ့ဇော်ထံ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့သွားတွေ့နေ လိပ်ကျွန်းအမှုက ဝင်းနဲ့ဇော်ထံ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့သွားတွေ့နေ Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.