ဂ်ပန္-ေတာင္ကိုရီးယား ကုန္သြယ္ေရးတင္းမာ


ေတာင္ကိုရီးယားႏုိင္ငံဟာ ယခင္ကေၾကညာထားခဲ့တဲအတိုင္း မေန႕ ဗုဒၶဟူးေန႔က ဂ်ပန္ႏုိ္င္ငံကို သူ႔ရဲ႕ ကုန္သြယ္ဖက္ အခြင့္အေရးေပးတဲ့ ႏုိ္င္ငံ စာရင္း White Listထဲက ပယ္ဖ်က္လိုက္ပါတယ္။

ဂ်ပန္ႏုိ္င္ငံကို White List က ထုတ္ပယ္တာေၾကာင့္ ေတာင္ ကိုရီးယား ကုမၸဏီေတြဟာ လုံျခံဳေရးအရ အေရးၾကီးတဲ့ ကုန္ပစၥည္းေတြကို ဂ်ပန္ႏိုင္ငံကို တင္ပို႔ရာမွာ အတည္ျပဳခ်က္ ရရွိဖို႔ ၁၅ ရက္ၾကာ ေစာင့္ဆိုင္း ရမွာ ျဖစ္ပါတယ္။ အရင္က ၅ ရက္သာ ေစာင့္ဆိုင္းဖို႔ လိုပါတယ္။

အခုလို ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေဆာင္ရြက္ခ်က္ဟာ မၾကာေသးခင္ ရက္သတၱပတ္ေတြ အတြင္းက ဂ်ပန္ႏုိ္င္ငံက ေတာင္ကိုရီးယားႏုိ္င္ငံကို White List လို႔ ေခၚတဲ့ အယုံၾကည္ရဆုံး ကုန္သြယ္ဖက္ႏုိင္ငံမ်ား စာရင္းထဲကေန ထုတ္ပယ္တာကို တုန္႔ျပန္ ေဆာင္ရြက္တာ ျဖစ္ပါတယ္။

ဂ်ပန္ႏုိ္င္ငံရဲ႕ အေရးယူမႈဟာ ေတာင္ကိုရီးယားႏုိင္ငံ စီးပြားေရးအတြက္ အေရးပါတဲ့ smart phone နဲ႔ တစ္ျခား အီလက္ထရြန္းနစ္ ပစၥည္းေတြ ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ အေရးပါတဲ့ အဆင့္ျမင့္ နည္းပညာဆိုင္ရာ ကုန္ပစၥည္းေတြ ေတာင္ကိုရီးယားႏိုင္ငံကို တင္ပို႔တာကို ကန္႔သတ္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္ရဲ႕ အဆင္ျမင့္နည္းပညာ ကုန္ပစၥည္း တင္ပို႔မႈ ကန္႔သတ္ အေရးယူ ေဆာင္ရြက္ခ်က္နဲ႔ ပတ္သက္ျပီး မေက်နပ္တာေၾကာင့္ ေတာင္ကိုရီးယားႏုိင္ငံက ကမၻာ့ ကုန္သြယ္ေရး အဖြဲ႔ကို တိုင္ၾကားထားပါတယ္။ ဒုတိယ ကမၻာစစ္အတြင္း ဂ်ပန္က ေတာင္ကိုရီးယားႏုိင္ငံကို က်ဴးေက်ာ္ သိမ္းပိုက္ခဲ့တာနဲ႔ ဆက္ႏြယ္တဲ့ကိစၥေတြနဲ႔ ပတ္သက္ျပီး မၾကာေသးခင္ လေတြအတြင္း ႏွစ္ႏုိ္င္ငံ အၾကား အျငင္းပြားမႈေတြ ရွိေနတာျဖစ္ပါတယ္။

(ယူနီကုဒ္)

ဂျပန်-တောင်ကိုရီးယား ကုန်သွယ်ရေးတင်းမာ

တောင်ကိုရီးယားနိုင်ငံဟာ ယခင်ကကြေညာထားခဲ့တဲအတိုင်း မနေ့ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံကို သူ့ရဲ့ ကုန်သွယ်ဖက် အခွင့်အရေးပေးတဲ့ နိုင်ငံ စာရင်း White List ထဲက ပယ်ဖျက်လိုက်ပါတယ်။

ဂျပန်နိုင်ငံကို White List က ထုတ်ပယ်တာကြောင့် တောင် ကိုရီးယား ကုမ္ပဏီတွေဟာ လုံခြုံရေးအရ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို ဂျပန်နိုင်ငံကို တင်ပို့ရာမှာ အတည်ပြုချက် ရရှိဖို့ ၁၅ ရက်ကြာ စောင့်ဆိုင်း ရမှာ ဖြစ်ပါတယ်။ အရင်က ၅ ရက်သာ စောင့်ဆိုင်းဖို့ လိုပါတယ်။
အခုလို တောင်ကိုရီးယားနိုင်ငံရဲ့ ဆောင်ရွက်ချက်ဟာ မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းက ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံကို White List လို့ ခေါ်တဲ့ အယုံကြည်ရဆုံး ကုန်သွယ်ဖက်နိုင်ငံများ စာရင်းထဲကနေ ထုတ်ပယ်တာကို တုန့်ပြန် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အရေးယူမှုဟာ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးအတွက် အရေးပါတဲ့ smart phone နဲ့ တစ်ခြား အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အရေးပါတဲ့ အဆင့်မြင့် နည်းပညာဆိုင်ရာ ကုန်ပစ္စည်းတွေ တောင်ကိုရီးယားနိုင်ငံကို တင်ပို့တာကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ရဲ့ အဆင်မြင့်နည်းပညာ ကုန်ပစ္စည်း တင်ပို့မှု ကန့်သတ်အရေးယူ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကို တိုင်ကြားထားပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်က တောင်ကိုရီးယားနိုင်ငံကို ကျူးကျော် သိမ်းပိုက်ခဲ့တာနဲ့ ဆက်နွယ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်လတွေအတွင်း နှစ်နိုင်ငံ အကြား အငြင်းပွားမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဂ်ပန္-ေတာင္ကိုရီးယား ကုန္သြယ္ေရးတင္းမာ ဂ်ပန္-ေတာင္ကိုရီးယား ကုန္သြယ္ေရးတင္းမာ Reviewed by THITHTOOLWIN on 02:38 Rating: 5
Powered by Blogger.