နမ့်ဆန်မြို့ထဲကိုလက်နက်ကြီးကျရောက်ပြီး ၁၁နှစ်အရွယ်ကလေးတစ်ဦးထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ-Aung Myint

တောင်ကြီး၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မှာ စက်တင်ဘာ ၁၃ရက်နေ့ ညနေပိုင်းအချိန်က လက်နက်ကြီးကျရောက်ပြီး အသက်၁၁နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Aung Myint

နမ့်ဆန်မြို့နယ်၊ နမ့်ခေးတမာကုန်းရပ်ကွက်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးထိမှန်ခံရသူမှာ ဦးကွာဌေးရဲ့မြေးဖြစ်သူမောင်စိုင်းသူဇာ(၁၁နှစ်)ဖြစ်တယ်လို့ သိရပါတယ်။

"ဖြစ်တာကတော့ ညနေ၃နာရီလောက်ကပေါ့။ကလေးကဆော့နေတုန်းဖြစ်သွားတာ။ကလေးကိုတော့ ဆေးရုံပို့ထားပြီးပါပြီ။ကျန်တဲ့လူတွေ၊ အိမ်တွေ၊ ကျွဲနွား တိရစ္ဆာန်တွေ ထိခိုက်မှုတော့မရှိပါဘူး"လို့ နမ့်ဆန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး(ကိုစိုင်းကျော်စွာထွန်း)ကရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

ဓာတ်ပုံ-Aung Myint

လက်နက်ကြီးထိမှန်ခံရမှုကြောင့် ပခုံးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ မောင်စိုင်းသူဇာကို နမ့်ဆန်ပြည့်သူဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်မစိုးရိမ်ဘူးလို့လည်း သူကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ရက်မှ ယနေ့ စက်တင်ဘာ ၁၆ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး သေဆုံးသူ၁ဦး၊ ထိခိုက်ဒဏ်ရာရသူ၃ဦးရှိပြီး တိုက်ပွဲရှောင်ပြည်သူ၁၃၀၀ကျော်ရှိလာပြီဖြစ်တယ်လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့်ဆန်မြို့ထဲကိုလက်နက်ကြီးကျရောက်ပြီး ၁၁နှစ်အရွယ်ကလေးတစ်ဦးထိခိုက်ဒဏ်ရာရ နမ့်ဆန်မြို့ထဲကိုလက်နက်ကြီးကျရောက်ပြီး ၁၁နှစ်အရွယ်ကလေးတစ်ဦးထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 03:15 Rating: 5
Powered by Blogger.