တပ်မတော်ရဲ့ ရှောင်တခင်စစ်ဆေးမှုကို လက်ခံဖို့ အမ်းအုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အမ်းမြို့ ဆိုင်းပုတ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ တပ်မတော်က လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးလာရင် ထွက်မပြေးဘဲစစ်ဆေးခံဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အချို့မှာ ကြေညာထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီအသိပေးချက်ကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြိုတင်ဖြန့်ဝေပေးထားပြီး မနေ့ကတော့ အမ်းမြို့လေယာဉ်ကွင်းရပ်ကွက်မှာ လှည့်လည်ကြေညာခဲ့တာဖြစ်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘခင်ကို RFA က ဆက်သွယ်ခဲ့ရာမှာ တရားဝင်ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း အဲဒီလိုကြေငြာတာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

သြဂုတ်လ ၂၇ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်လက်မှတ်ရေးထိုးပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဖြန့်ဝေထားတဲ့ စာတစ်စောင်ကို RFA က သီးသန့်ရရှိထားပြီး အဲဒီစာထဲမှာ တပ်မတော်၊ တပ်နယ်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးတဲ့အပေါ် စစ်ဆေးမခံတာ၊ ထွက်ပြေးတာတွေမလုပ်ရအောင် ပြည်သူတွေကို ကြိုတင်အသိပေးရမယ်လို့ပါရှိပါတယ်။

ရခိုင်ပြည်နယ် တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေဟာ အမ်းမြို့နယ် အထိကျယ်ပြန့်လာပြီးနောက် အခုလိုရှောင်တခင်စစ်ဆေးမှုတွေရှိနေတာလို့ ဒေသခံတွေကပြောပါတယ်။

RFA Burmese
https://www.rfa.org
တပ်မတော်ရဲ့ ရှောင်တခင်စစ်ဆေးမှုကို လက်ခံဖို့ အမ်းအုပ်ချုပ်ရေးအဖွဲ့ ကြေညာ တပ်မတော်ရဲ့ ရှောင်တခင်စစ်ဆေးမှုကို လက်ခံဖို့ အမ်းအုပ်ချုပ်ရေးအဖွဲ့ ကြေညာ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.