တပ်ခေါ်သွားတဲ့ ပလောင်ရွာသား ၁၂ ဦးပြန်ရောက်၊ တစ်ဦး ပျောက်ဆုံးနေ


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာသား ၁၃ ဦးကို တပ်မတော်က မနေ့က ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ၁၂ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ တအာန်း အမျိုးသမီးများအဖွဲ့က လွေးကုကု က ပြောပါတယ်။

ကျန်နေသေးတဲ့ တစ်ဦးကတော့ ဘယ်သူဆိုတာ တိတိကျကျမသိရသေးပဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီး အမျိုးသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်တာတွေ မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ဒေသခံတွေကို RFA က မေးမြန်းဖို့ကြိုးစားနေပါတယ်။

တအာင်း/ပလောင် တိုင်းရင်းသား အများအပြား နေထိုင်တဲ့ မန်တုံမြို့နယ်ဟာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ လှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ်ခေါ်သွားတဲ့ ပလောင်ရွာသား ၁၂ ဦးပြန်ရောက်၊ တစ်ဦး ပျောက်ဆုံးနေ တပ်ခေါ်သွားတဲ့ ပလောင်ရွာသား ၁၂ ဦးပြန်ရောက်၊ တစ်ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 15:37 Rating: 5
Powered by Blogger.