မြေပြိုကျနိုင်တဲ့ နေရာတွေ ထုတ်ပြောဖို့ အခက်အခဲရှိကြောင်း ပြည်နယ်ဝန်ကြီးပြော

မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်က မလတ်တောင်ကို ၂၀၁၉၊ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ် / ဓါတ်ပုံ - အောင်သိင်္ခ/ RFA
ပြည်သူတွေ စိုးရိမ်မှာစိုးလို့ မြေပြိုနိုင်တဲ့နေရာနဲ့ ပတ်သက်တဲ့ အချက်လက်တွေ ထုတ်ပြောဖို့ အခက်အခဲရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပေါင်မြို့နယ် မြေပြိုတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

မွန်ပြည်နယ် မလတ်တောင် ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က မြေပြိုကျတာကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ပြီးနောက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ဘူမိကျွမ်းကျင်ပညာရှင်တွေ  ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

အဲဒီပညာရှင်တွေက မြေပြိုနိုင်တဲ့နေရာ ၂၁ ခုတွေရှိထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org
မြေပြိုကျနိုင်တဲ့ နေရာတွေ ထုတ်ပြောဖို့ အခက်အခဲရှိကြောင်း ပြည်နယ်ဝန်ကြီးပြော မြေပြိုကျနိုင်တဲ့ နေရာတွေ ထုတ်ပြောဖို့ အခက်အခဲရှိကြောင်း ပြည်နယ်ဝန်ကြီးပြော Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.