တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာအနီး ရထားနှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦး သေဆုံးတစ်ဦးဒဏ်ရာရ


တောင်တွင်းကြီး ၉ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ဘူတာနှင့် ကိုးပင်ဘူတာကျေးရွာအကြား မီးရထားလမ်းမိုင်တိုင် အမှတ်၂၄၀/၂၀-၂၁ အကြား မီးရထားသံလမ်းကူးတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ပရပ်ကြယ် ရဲစခန်းမူးဒုရဲအုပ် အောင်မြင့်မြတ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် သတင်းအရ အခင်းဖြစ်နေရာသို့ ကွင်းဆင်းစစ်ဆေးရာ ယနေ့နံနက်အစောပိုင်း ၁၂ နာရီခွဲက မင်းရွာကျေးရွာဘက်မှ ပရပ်ကြယ်ကျေးရွာဘက်သို့ မနီလာဝင်းသည် မိခင်ဖြစ်သူ ဒေါ်သန်းမြင့်ကို တင်ဆောင်၍ ဆိုင်ကယ်စီးလာစဉ် နေပြည်တော်မှပြည်သို့ စက်ခေါင်းမောင်း ဦးတင်မောင်ထွန်း မောင်းနှင်သည့် RBE5048 အမှတ်(၁၀၉) အဆန်ရထား စက်ခေါင်းယာဘက်ခြမ်းကိုယ်ထည်နှင့် တိုက်မိခဲ့သည်။

တိုက်မိမှုကြောင့် ဆိုင်ကယ်မှာ လမ်းဘေးသို့လွင့်စင်သွားကာ မနီလာဝင်းတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး ဒေါ်သန်းမြင့်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိသေဆုံးသွားခဲ့သည်။ ဖြစ်စဉ်ကြောင့် ရထားလမ်း မဆင်မခြင်ဖြတ်ကူးမောင်နှင်သူ မနီလာဝင်းကို ဆတ်သွားနယ်မြေရဲစခန်းက အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်ဝင်း(တောင်တွင်းကြီး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာအနီး ရထားနှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦး သေဆုံးတစ်ဦးဒဏ်ရာရ တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာအနီး ရထားနှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦး သေဆုံးတစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 01:16 Rating: 5
Powered by Blogger.