အြန္လိုင္းအလုပ္ရွာေဖြမႈကေန လိင္္သားေကာင္ျဖစ္ရသူမ်ား

မုဒိမ္းက်င့္က်ဴးလြန္သူမ်ားထဲမွ တဦးအား ဖမ္းဆီးလာစဥ္။ (ဓာတ္ပုံ - မေအးေအးမာ၊ စက္တင္ဘာ ၂၁၊ ၂၀၁၉)
ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕ထဲမွာ အြန္လိုင္းကေန အလုပ္ရွာေဖြေနသူ ထုိင္းနဲ႔ ျမန္မာႏြယ္ဖြား မိန္းကေလး ၅၀ ေက်ာ္ကုိ အလုပ္ရွာေဖြေပးမယ္ဆိုၿပီး မူးယစ္ေဆး၀ါး ရာဇ၀တ္မႈေတြ လုပ္ေနတဲ့လူေတြက ေခၚသြားၿပီး အလိုမတူဘဲ မူးယစ္ေဆး၀ါးေတြ တိုက္ေက်ြးၿပီး လိင္ဆက္ဆံခံခဲ့ရတယ္လုိ႔ ဆုိပါတယ္။ က်ဴးလြန္သူထဲက တဦးကုိေတာ့ မဲေဆာက္ရဲေတြက စက္တင္ဘာလ ၂၁ ရက္ေန႔မွာ ဖမ္းမိခဲ့ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ ့က မယ္ကု (Mae Ku)၊ မယ္ကစာ (Mae Kasa)၊ မယ္ပ (Mae Pa) နဲ႔ ထဆိုင္လြတ္(၀) (Tha Sai Luad) ရပ္ကြက္ေတြမွာ ေနထိုင္ေနၾကတဲ့ မိန္းကေလးေတြ အမ်ားဆံုး လိင္ပုိင္းဆိုင္ရာ က်ဴးလြန္ခံခဲ့ရတာပါ။

အြန္လိုင္းကေန အလုပ္ရွာေနတဲ့ အမ်ိဳးသမီးေတြကို တနာရီကို ထိုင္းဘတ္ေငြ ၅၀၀ နဲ႔ ႏုိင္ငံျခားသားဧည့္ႀကိဳဆိုေရး၊ ဖက္ရွင္အလွျပမယ္၊ ခရီးသြားေတြလာရင္ လမ္းျပ ဘာသာျပန္ စတဲ့အလုပ္ေတြ လုပ္ရမယ္ဆိုၿပီး မက္လံုးေပး ေၾကာ္ျငာထားတာေၾကာင့္ မိန္းကေလးေတြက အလုပ္ရရွိဖို႔အေရး အြန္လိုင္းကေန ဆက္သြယ္ခဲ့တာပါ။ အလုပ္လုပ္ဖုိ႔ ဆက္သြယ္လာတဲ့ မိန္းကေလးေတြကို ဓာတ္ဆီဆိုင္တဆုိင္မွာ ေတြ႔ဖုိ႔ ခ်ိန္းၿပီး ေနာက္တေနရာေခၚသြားခဲ့ၿပီးမွ အလုပ္မရဘဲ လိင္ပုိင္းဆိုင္ရာ က်ဴးလြန္ခံရတယ္လို႔ မိန္းကေလးတဦးက ဖြင့္ဟေျပာဆုိခဲ့ပါတယ္။

“က်မ အလုပ္ရွာေနတာပါ။ အြန္လိုင္းကေန ဆက္သြယ္တာကေတာ့ ႏုိင္ငံျခားသားေတြလာရင္ ဧည့္ႀကိဳအလုပ္ရမယ္၊ ႏိုင္ငံျခားသားေတြနဲ႔ လိုက္ၿပီး ဘာသာျပန္ေပးရမယ္၊ လမ္းျပေပးရမယ္၊ တနာရီကုိ ဘတ္ ၅၀၀ ရမယ္ေျပာၿပီး ဆက္သြယ္တဲ့အခါမွာ တဦးတည္းလိုက္သြားရၿပီး တေနရာကုိ ေခၚသြားတယ္။ အဲဒီေနရာမွာ အင္အားသံုးၿပီး မုဒိမ္းက်င့္တယ္။ သူတို႔က မူယစ္ေဆး၀ါးေတြ ေကၽြးတယ္။ မုဒိမ္းက်င့္တာေတြ လုပ္ပါတယ္။ က်မကေတာ့ အိမ္သာတက္ဦးမယ္ဆုိၿပီး က်မအသိတေယာက္ကုိ ဖုန္းဆက္ၿပီး အကူညီေတာင္းလို႔ လြတ္သြားခဲ့ပါတယ္။ ဒီလို အလုပ္ခံရတဲ့ အလားတူ မိန္းကေလးေတြ အမ်ားႀကီးရွိပါတယ္။”

သူတို႔ကေတာ့ လိင္ပုိင္းဆုိင္ရာ က်ဴးလြန္သူေတြရဲ႕ ပံုေတြကုိ ႐ုိက္ယူလာၿပီး အေရးယူဖို႔ ရဲစခန္းကုိ တုိင္ၾကားခဲ့ေပမယ့္ မွတ္တမ္းအျဖစ္သာယူခဲ့ၿပီး အေရးယူမႈေတြေတာ့ မရွိေသးတာေၾကာင့္ မဲေဆာက္အေျခစိုက္ သတင္းေတြမွာ ေရးသားေဖာ္ျပခဲ့တာပါ။

စက္တင္ဘာလ ၂၁ ရက္ေန႔ကေတာ့ အသက္ ၂၈ ႏွစ္အရြယ္ က်ဴးလြန္သူကို ဖမ္းမိသြားၿပီျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕က ဒုရဲစခန္းမွဴး ခ်ိဳင္၀တ္အင္ထရာဆပ္က ေျပာပါတယ္။

“အသက္အရြယ္ငယ္တဲ့ အသက္ ၁၆ ႏွစ္၊ ၁၈ ႏွစ္ မိန္းကေလးေတြကို သူက်ဴးလြန္တဲ့ပံုစံက တပံုစံတည္းပဲျဖစ္ပါတယ္။ သူ႔ကုိ အေရးယူလို႔ ရေနပါၿပီ။ ဒီအန္ေအစစ္ဖို႔ေတာ့ မလိုေတာ့ပါဘူး။ သူ အဓမၼျပဳက်င့္ခဲ့တဲ့ မိန္းကေလးေတြက သက္ေသအျဖစ္ ထြက္ဆိုေနပါၿပီ။ မိန္းကေလးေတြ အေနနဲ႔လည္း အြန္လိုင္းကေန အလုပ္ရမယ္ဆိုၿပီး ေခၚတာေတြကို အယံုမလြယ္ၾကဖို႔” သတိေပးသြားပါတယ္။

မိန္းကေလးေတြကုိ ကားနဲ႔ေခၚသြားတဲ့ေနရာဟာ ၿမိဳ႕နဲ႔လွမ္းတဲ့ ေနရာေတြ ဘန္ဂလိုနဲ႔ တည္းခိုခန္းေတြ ျဖစ္ပါတယ္။ အမ်ားစုဟာ အင္အားသံုး ၿခိမ္းေျခာက္ၿပီး အလိုမတူဘဲ ကာမဆက္ဆံခံရေၾကာင္း၊ မူးယစ္ေဆး၀ါးေတြတိုက္ၿပီး လိင္ဆက္ဆံမႈေတြ လုပ္ခဲ့ေၾကာင္း မိန္းကေလးေတြက ထြက္ဆုိပါတယ္။

ဒီထဲမွာ ထုိင္းနယ္စပ္မွာ ေနထုိင္ေနတဲ့ ျမန္မာႏြယ္ဖြား မိန္းကေလးေတြလည္း ပါ၀င္ေနတယ္လို႔ ဆုိပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး သတင္းေတြမွာ ပါလာၿပီးတဲ့ေနာက္ က်ဴးလြန္ခံရတဲ့ မိန္းကေလးေတြကုိ ေမးျမန္းမႈေတြလုပ္ခဲ့ၿပီး ရာဇ၀တ္မႈ က်ဴးလြန္သူေတြကုိ မဲေဆာက္ၿမိဳ႕ပုိင္ကုိ္ယ္တိုင္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ မဲေဆာက္ရဲစခန္းက အခုလို က်ဴးလြန္သူကုိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

---------------------------

(Unicode)

အွန်လိုင်းအလုပ်ရှာဖွေမှုကနေ လိင်သားကောင်ဖြစ်ရသူများ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာ အွန်လိုင်းကနေ အလုပ်ရှာဖွေနေသူ ထိုင်းနဲ့ မြန်မာနွယ်ဖွား မိန်းကလေး ၅၀ ကျော်ကို အလုပ်ရှာဖွေပေးမယ်ဆိုပြီး မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေ လုပ်နေတဲ့လူတွေက ခေါ်သွားပြီး အလိုမတူဘဲ မူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး လိင်ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူထဲက တဦးကိုတော့ မဲဆောက်ရဲတွေက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က မယ်ကု (Mae Ku)၊ မယ်ကစာ (Mae Kasa)၊ မယ်ပ (Mae Pa) နဲ့ ထဆိုင်လွတ်(ဝ) (Tha Sai Luad) ရပ်ကွက်တွေမှာ နေထိုင်နေကြတဲ့ မိန်းကလေးတွေ အများဆုံး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတာပါ။

အွန်လိုင်းကနေ အလုပ်ရှာနေတဲ့ အမျိုးသမီးတွေကို တနာရီကို ထိုင်းဘတ်ငွေ ၅၀၀ နဲ့ နိုင်ငံခြားသားဧည့်ကြိုဆိုရေး၊ ဖက်ရှင်အလှပြမယ်၊ ခရီးသွားတွေလာရင် လမ်းပြ ဘာသာပြန် စတဲ့အလုပ်တွေ လုပ်ရမယ်ဆိုပြီး မက်လုံးပေး ကြော်ငြာထားတာကြောင့် မိန်းကလေးတွေက အလုပ်ရရှိဖို့အရေး အွန်လိုင်းကနေ ဆက်သွယ်ခဲ့တာပါ။ အလုပ်လုပ်ဖို့ ဆက်သွယ်လာတဲ့ မိန်းကလေးတွေကို ဓာတ်ဆီဆိုင်တဆိုင်မှာ တွေ့ဖို့ ချိန်းပြီး နောက်တနေရာခေါ်သွားခဲ့ပြီးမှ အလုပ်မရဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်လို့ မိန်းကလေးတဦးက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ကျမ အလုပ်ရှာနေတာပါ။ အွန်လိုင်းကနေ ဆက်သွယ်တာကတော့ နိုင်ငံခြားသားတွေလာရင် ဧည့်ကြိုအလုပ်ရမယ်၊ နိုင်ငံခြားသားတွေနဲ့ လိုက်ပြီး ဘာသာပြန်ပေးရမယ်၊ လမ်းပြပေးရမယ်၊ တနာရီကို ဘတ် ၅၀၀ ရမယ်ပြောပြီးဆက်သွယ်တဲ့အခါမှာ တဦးတည်းလိုက်သွားရပြီး တနေရာကို ခေါ်သွားတယ်။ အဲဒီနေရာမှာ အင်အားသုံးပြီး မုဒိမ်းကျင့်တယ်။ သူတို့က မူယစ်ဆေးဝါးတွေ ကျွေးတယ်။ မုဒိမ်းကျင့်တာတွေ လုပ်ပါတယ်။ ကျမကတော့ အိမ်သာတက်ဦးမယ်ဆိုပြီး ကျမအသိတယောက်ကို ဖုန်းဆက်ပြီး အကူညီတောင်းလို့ လွတ်သွားခဲ့ပါတယ်။ ဒီလို အလုပ်ခံရတဲ့ အလားတူ မိန်းကလေးတွေ အများကြီးရှိပါတယ်။”

သူတို့ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေရဲ့ ပုံတွေကို ရိုက်ယူလာပြီး အရေးယူဖို့ ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် မှတ်တမ်းအဖြစ်သာယူခဲ့ပြီး အရေးယူမှုတွေတော့ မရှိသေးတာကြောင့် မဲဆောက်အခြေစိုက် သတင်းတွေမှာ ရေးသားဖော်ပြခဲ့တာပါ။

စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ အသက် ၂၈ နှစ်အရွယ် ကျူးလွန်သူကို ဖမ်းမိသွားပြီဖြစ်ကြောင်း မဲဆောက်မြို့က ဒုရဲစခန်းမှူး ချိုင်ဝတ်အင်ထရာဆပ်က ပြောပါတယ်။

“အသက်အရွယ်ငယ်တဲ့ အသက် ၁၆ နှစ်၊ ၁၈ နှစ် မိန်းကလေးတွေကို သူကျူးလွန်တဲ့ပုံစံက တပုံစံတည်းပဲဖြစ်ပါတယ်။ သူ့ကို အရေးယူလို့ ရနေပါပြီ။ ဒီအန်အေစစ်ဖို့တော့ မလိုတော့ပါဘူး။ သူ အဓမ္မပြုကျင့်ခဲ့တဲ့ မိန်းကလေးတွေက သက်သေအဖြစ် ထွက်ဆိုနေပါပြီ။ မိန်းကလေးတွေ အနေနဲ့လည်း အွန်လိုင်းကနေ အလုပ်ရမယ်ဆိုပြီး ခေါ်တာတွေကို အယုံမလွယ်ကြဖို့” သတိပေးသွားပါတယ်။

မိန်းကလေးတွေကို ကားနဲ့ခေါ်သွားတဲ့နေရာဟာ မြို့နဲ့လှမ်းတဲ့ နေရာတွေ ဘန်ဂလိုနဲ့ တည်းခိုခန်းတွေ ဖြစ်ပါတယ်။ အများစုဟာ အင်အားသုံး ခြိမ်းခြောက်ပြီး အလိုမတူဘဲ ကာမဆက်ဆံခံရကြောင်း၊ မူးယစ်ဆေးဝါးတွေတိုက်ပြီး လိင်ဆက်ဆံမှုတွေ လုပ်ခဲ့ကြောင်း မိန်းကလေးတွေက ထွက်ဆိုပါတယ်။

ဒီထဲမှာ ထိုင်းနယ်စပ်မှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွား မိန်းကလေးတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းတွေမှာ ပါလာပြီးတဲ့နောက် ကျူးလွန်ခံရတဲ့ မိန်းကလေးတွေကို မေးမြန်းမှုတွေလုပ်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို မဲဆောက်မြို့ပိုင်ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မဲဆောက်ရဲစခန်းက အခုလို ကျူးလွန်သူကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မေအးေအးမာ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အြန္လိုင္းအလုပ္ရွာေဖြမႈကေန လိင္္သားေကာင္ျဖစ္ရသူမ်ား အြန္လိုင္းအလုပ္ရွာေဖြမႈကေန လိင္္သားေကာင္ျဖစ္ရသူမ်ား Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.