အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် ကျောင်းဘောလုံးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်ရှိ အားကစားရုံတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းတွင် သြဂုတ် ၃၀ ရက် ညနေပိုင်းက ဘောလုံးပွဲ ကျင်းပခဲ့ရာ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား လူ ၁၀ ဦးထက်မနည်း  သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ မိုဘိုင်းမြို့ရှိ အားကစားရုံတစ်ခုတွင် အထက်တန်းကျောင်းသား ဘောလုံးအသင်း နှစ်သင်း ဘောလုံးပွဲစဉ်ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၀ ဦးအား ဒေသခံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းအနက် ၅ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း၊ သို့သော် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မီးသတ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အတည်ပြု ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် လူ ၂ ဦးအား ထိန်းသိမ်းထားသော်လည်း ၎င်းတို့နှစ်ဦးက သံသယရှိသူများအဖြစ် အတည်ပြုရန် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောခဲ့သည်။

အများပြည်သူ အားကစားပွဲများတွင် သေနတ်ကိုင် အကြမ်းဖက်မှုအပေါ် မိုဘိုင်းနယ်မြေ ရဲချုပ် လောရင့် ဘတ်တစ်စ် (Lawrence Battiste) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် ကျောင်းဘောလုံးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရ အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် ကျောင်းဘောလုံးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.