သီပေါမြို့ တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ

ဓာတ်ပုံ နယ်စည်းမခြား ပရဟိတ အသင်း ( သီပေါ) ပုံ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ကျောင်း အနီးတွင် ယနေ့ ( သြဂုတ် ၁) ရက် ည ၈နာရီ ဝန်းကျင် တွင် အမျိုးသား တဦး သေနတ် ပစ်ခံရကြောင်း သတင်းရရှိသည်။

“ ဒဏ်ရာကတော့ ပေါင်နှင့် ခါးထိတယ်။ ည ၁၀နာရီ မှာတော့ သီပေါ ဆေးရုံ က နေ လားရှိုး ဆေးရုံ ကို ကျနော်တို့ အဖွဲ့ က ပို့ပေးတယ်” ဟု နည်းစည်းမခြား ပရဟိတအသင်း (သီးပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဓာတ်ပုံ နယ်စည်းမခြား ပရဟိတ အသင်း ( သီပေါ) ပုံ

အဆိုပါ သေနတ်ပစ်ခတ်မှု ကို မည်သည့်အဖွဲ့ က ပစ်ခတ်သည်ကို မသိရှိကြောင်း၊ မည်သည့် ကိစ္စ ကြောင်း ပစ်ခတ်သည်ကိုလည်း အတိအကျ မသိရကြောင်း ကိုမျိုး က ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီပေါမြို့ တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ သီပေါမြို့ တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.