အက်ဆစ်ပုံးတစ်ရာကျော်တင်ဆောင်လာသည့်တွဲကား တိမ်းမှောက်၍ ချောင်းနှင့် လယ်ကွင်းများသို့ ပြန့်နှံ့လာသဖြင့် ဘေးအန္တရာယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ


စက်တင်ဘာလ ၂၈ ရက် ၂၀၁၉

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နားဝိုင်ကျေးရွာအုပ်စု ယုံငေါ့နမ့်တွန်းကျေးရွာအဝင် လမ်းမပေါ်တွင် စက်တင်ဘာ ၂၅ ရက်နေ့က အက်ဆစ်ပုံးတစ်ရာကျော်တင်ဆောင်လာသော တွဲကားကြီးတိမ်းမှောက်ခဲ့ပြီး လမ်းမဘေးရှိ လယ်ကွင်းနှင့် ချောင်းအတွင်းသို့ အက်ဆစ်ရည်များ စီးဝင်ခဲ့သည့်အတွက် ဘေးအန္တရာယ် ဖြစ်လာမည်ကို ကျေးရွာနေပြည်သူများ စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဆရာ ဦးနော်ဂျာ ကပြောသည်။

ဓါတ်ပုံ : နော်ဂျာ

“ဒီနေ့ကွတ်ခိုင်က မီးသတ်ကားခေါ်ပြီး ဖိတ်သွားတဲ့ အက်ဆစ်ရည်တွေကို အကုန်ဆေးခိုင်းတယ်၊ လမ်းဘေး နမ့်ကွတ်ချောင်းက ငါး တွေဆို အကုန်သေကုန်ပြီ၊ နောက်ပြီးတော့ ကျွဲနွားတွေ ဒီအက်ဆစ်ရည်သောက်မိပြီး တစ်ခုခုဖြစ်သွားမှာနဲ့ လယ်ကွင်းထဲဖိတ်ဝင်သွားတဲ့ အက်ဆစ်ရည်တွေကြောင့် စိုက်ထားတဲ့ စပါးတွေအပေါ် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးဖြစ်လာမလဲ ဆိုတာကို စိုးရိမ်နေကြပါတယ်”ဟု ၎င်းကဆိုသည်။

ဓါတ်ပုံ : နော်ဂျာ

အဆိုပါ အက်ဆစ်တင်ကားမှောက်ထားသည့်နေရာတွင် အနံ့အသက်များ ဆိုးဝါးစွာဖြစ်ပေါ်နေပြီး အနီးက ဖြတ်သွားချိန်တွင် မျက်လုံးများပင် စပ်လာကြောင်း၊ ယင်းကားသမားများ၏ ပြောပြချက်အရ ကျောက်ဆည်ကိုပို့မည့် အက်ဆစ်ရည်ဖြစ်ပြီး အစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်နေသည့် လုပ်ငန်းအတွက်ဖြစ်သည်ဟု သိရကြောင်း ဆရာ နော်ဂျာကပြောသည်။

ဓါတ်ပုံ : နော်ဂျာ

ထို့အပြင် အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့မှုရှိကြောင်း၊ အက်ဆစ်ရည် ဖိတ်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက်တော့ အစိုးရကနေ ကြားဝင်ပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့ ဒေသခံများက လိုလားနေကြောင်း ၎င်းကဆိုသည်။

ဓါတ်ပုံ : နော်ဂျာ

နားဝိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလမိုင်အောင်ထွန်းကတော့ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးရုံးသို့ အကြောင်းကြားထားပြီးဖြစ်သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်း မရှိသေးကြောင်း၊ ၎င်းကတော့ ဒေသခံများနှင့် ကားပိုင်ရှင်အကြား ဆွေးနွေးညှိနှိုင်းပေးမှု ပြုလုပ်ပေးနေကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ်အုပ်ချုပ်ရေးမှူးကို Kachin Waves မှ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်းမရှိပါ။

Source : Kachinwave
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ