ထိုင်းမြန်မာနယ်စပ် မှာ အွန်လိုင်းကနေ အလုပ်ရှာဖွေ နေသူ မိန်းကလေး (၅၀) ကျော် အလိုမတူဘဲ လိင်ဆက်ဆံ ခံရ


September 20,2019

တပ်ခရိုင် မဲဆောက်မြို့ က Mae Ku မဲကု Mae Kasa မဲကစာ Mae Pa မယ်ပ နဲ့  ထဆိုင်လွတ်(၀) Tha Sai Luad ရပ်ကွက်တွေမှာ နေထိုင်နေကြသူတွေရဲ့  ကိုယ်တွေ့ ဖြစ်ရပ် ကို မဲဆောက်အခြေစိုက် သက်တန့် ရောင်စုံ သတင်းထောက်က ရေးသားဖေါ်ပြထားတာပါ။

အွန်လိုင်းကနေ အလုပ်ရှာနေတဲ့ အမျိုးသမီးတွေကို တနာရီကို ထိုင်းဘတ် ငွေ (၅၀၀) ကျပ်နှစ်သောင်းခွဲ နဲ့ နိုင်ငံခြားသားဧည့်ကြိုဆိုရေး၊ ဖက်ရှင် အလှပြမယ် Pretty ၊ ခရီးသွား လမ်းပြ အလုပ် စသဖြင့် မက်လုံးပေး ကြော်ငြာပြီး "ငါးစားချ " မြှား ခေါ်ထားတာဖြစ်ပါတယ်။

အွန်လိုင်း ကနေ ဖျားယောင်းသွေးဆောင်ပြီး မိန်းကလေးတွေကို လိင်ဆက်ဆံနေကြတဲ့ ""လိုင်းဗီလိင် "" အမျိုးသားတွေဟာ အလုပ်လုပ်ဘို့ ဆက်သွယ်လာတဲ့ မိန်းကလေးတွေကို ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ တွေ့ ဘို့  ချိန်းပြီး နောက်တနေ ရာခေါ်သွားပါလိမ့်မယ်။

အလုပ်လက်ခံတဲ့ မိန်းကလေးတွေဟာ ဆိုင်ကယ်ကို ဓါတ်ဆီဆိုင်မှာ ထားပြီး သူငယ်ချင်းခေါ်မရ တစ်ဦးသာလိုက်သွားခဲ့ရတော့ သူမဘ၀ဟာ ခွေးပါးစပ်ထဲ တဲ့တဲ့ ၀င်သွားခဲ့ပြီဖြစ်ပါတယ်။

ကားနဲ ခေါ်သွားတဲ့နေရာဟာ မြို့ နဲ့ လှမ်းတဲ့ နေရာတွေ ဘန်ကလို နဲ့  တည်းခိုးခန်းတွေပါ၊ အများစုဟာ အင်းအားသုံး ခြိမ်းခြောက်ပြီး အလိုမတူ ကာမဆက်ဆံခံရကြောင်း..၊ အလိုက်အထိုက် မျှောလိုက်ခဲ့တဲ့သူတွေကို လည်း အရူးဆေး (ရာဘ) ရေခဲ (ရာအိုင့်) မုဒိမ်းဆေး စတဲ့ မူးယစ်ဆေးတွေပေးသုံးပြီး လိင်ဆက်ဆံခံရတာလို့  သိရပါတယ်။ ကိုယ်တွေ့ ကြုံခဲ့တဲ့ ထိုင်းနိုင်ငံသူ ကတော့ အိမ်သာပေါက်ကနေထွက်ပြေးခဲ့ရပြီး သူ့ မအမျိုးသားကို ဖုန်းဆက်ခေါ်ခဲ့ရပါတယ်။

ခုလိုအလိုမတူဘဲ လိင်ဆက်ဆံခံရလို့  ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့်
မှုခင်းမှတ်တမ်းသာဖွင့်ခဲ့ပြီး ဘာမှအရေးမယူခဲ့တာကြောင့် မဲဆောက်မြို့ မှာ အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေ အတွက် အွန်လိုင်းဗီလိင်တွေကို သတိထားဘို့  ရေးသားထားတာဖြစ်ပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
ထိုင်းမြန်မာနယ်စပ် မှာ အွန်လိုင်းကနေ အလုပ်ရှာဖွေ နေသူ မိန်းကလေး (၅၀) ကျော် အလိုမတူဘဲ လိင်ဆက်ဆံ ခံရ ထိုင်းမြန်မာနယ်စပ် မှာ အွန်လိုင်းကနေ အလုပ်ရှာဖွေ နေသူ မိန်းကလေး (၅၀) ကျော် အလိုမတူဘဲ လိင်ဆက်ဆံ ခံရ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.