နိုင်ဂျီးရီးယားနိုင်ငံ၌ သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာဒူနာပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊မေလက လက်နက် ကိုင်များ၏ဖျက်ဆီးမှုခံထားရသောကျေးရွာတစ်ရွာအားတွေ့ရစဉ်(ဆင်ဟွာ)
 လာဂို့စ်၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာဒူနာပြည်နယ်တွင် သြဂုတ်လ ၂၉ ရက် ညနေကအမည်မသိ သေ နတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က သြဂုတ်လ ၃၀  ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း လော်ရာနယ်မြေ၊ ကီရီရွာတွင် တိုက်ခိုက်မှုအပြီး လူလေးဦးတို့၏ အလောင်းများကို တွေ့ရှိရပြီး ကျန်တစ်ဦးမှာ ရရှိသောဒဏ်ရာများကြောင့် နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကသံသယရှိရသူများအားဖမ်းမိနိုင်ရေးအတွက်စုံစမ်းစစ်ဆေးလျက် ရှိကြောင်းပြောခဲ့သည်။ အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သောဘီဂါ ကာတူကာ ကလည်းလူငါးဦးအသတ် ခံရပြီးနှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းထောက်များသို့ပြောခဲ့သည်။ထို့ပြင် ၎င်းကရဲကင်းစခန်းတစ် ခုအပါအဝင်အိမ်အချို့လည်းဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ဂျီးရီးယားနိုင်ငံ၌ သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး နိုင်ဂျီးရီးယားနိုင်ငံ၌ သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.