ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးကျ အမျိုးသမီး နှင့် ကလေး အပါအဝင် ၅ဦးသေဆုံး

ဓာတ်ပုံ Shawa Ndau/ facbook

သြဂုတ် ၃၁၊၂၀၁၉

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် မော်ဟိတ်စုစည်း ရွာ အတွင်း ယနေ့ (သြဂုတ် ၃၁) ရက် မနက် ပိုင်းတွင် လက်နက်ကြီး ကျသဖြင့် အမျိုးသမီး နှင့် ကလေးငယ် အပါအဝင် ၅ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အဆိုပါ လက်နက်ကြီးကြောင့် သေဆုံး၅ဦးထဲတွင် အမျိုးသမီး ၃ဦး၊ ၈လသား အရွယ် ကလေး တဦး နှင့် ၈နှစ်အရွယ် ကလေး တဦး တို့ ပါဝင်ကြောင့် ကွတ်ခိုင်မြို့ ဆေးရုံအုပ် ဒေါ်ဝင့်ဝင့်မြိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဓာတ်ပုံ Shawa Ndau/ facbook
“ သေဆုံးပြီး တော့ ဆေးရုံကို ရောက်တာ က ၄ယောက်။ ဆေးရုံ ရောက်ပြီး ဆုံးတာ ၁ယောက်ပါ။ ဒဏ်ရာ ရသူက ၃ယောက်ပါ။ လားရှိုးကို လွှဲလိုက်တာ ၂ယောက်ပါ။ အခု ကွတ်ခိုက်ဆေးရုံမှ ၁ယောက်ကျန်သေးတယ်” ဟု ဒေါ်ဝင့်ဝင့်မြိုင် က ဆိုသည်။

ယနေ့ (သြဂုတ် ၃၁) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ ဒီနေ့ တိုက်ပွဲက ကွတ်ခိုင်မြို့ ပေါ်ထိ ဖြစ်တယ်။ ဈေးတွေ၊ ကျောင်းတွ၊ အိမ်တွေ အားလုံးပိတ်ရတယ်။ လက်နက်သံတွေကတော့ အစုံပါပဲ”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီး နန်းနောင့် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲများသည် ကွတ်ခိုင်မြို့ပေါ် ထိဖြစ်လာသဖြင့် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်၊ ဈေးဆိုင်များအားလုံး ပိတ်ကာကွတ်ခိုင်မြို့ တိတ်ဆိတ်နေသည် ဟုလည်း နန်းနောင့်က ပြောသည်။

ထို့ပြင် ယနေ့ သြဂုတ် ၃၁ရက်နေ့တွင် မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန( NRPC) တို့ ကျိုင်းတုံ Amazing Kengtone Resort ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကြောင်း သိရသည်။

နန်းဆိုင်နွမ်
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးကျ အမျိုးသမီး နှင့် ကလေး အပါအဝင် ၅ဦးသေဆုံး ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးကျ အမျိုးသမီး နှင့် ကလေး အပါအဝင် ၅ဦးသေဆုံး Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.