ျမန္မာအပါအ၀င္ အာရွစီးပြားေရး က်ဆင္းမယ္လို႔ ADB ခန္႔မွန္း


ကမာၻ႔တဝန္း ကုန္သြယ္ေရးေႏွးေကြးေနသလို၊ ရင္းႏွီးျမွပ္ႏွံမႈပိုင္းမွာလည္း အားနည္းေနတာေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ အာ႐ွေဒသက ဖံြ႔ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ အခုႏွစ္ စီးပြားေရးတိုးတက္မႈႏႈန္းက်ဆင္းမယ္လို႔ အာ႐ွဖြံ႔ၿဖိဳးေရဘဏ္ ADB ကခန္႔မွန္းလိုက္ပါတယ္။

အခုႏွစ္မွာေရာ ေ႐ွ႕ႏွစ္မွာပါ အာ႐ွေဒသစီးပြားေရးဟာ အရင္ခန္႔မွန္းထားတာထက္ကို ေႏွးေကြးမယ္လို႔ ADB ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အာ႐ွေဒသရဲ႕ ျပည္တြင္းအသားတင္ထုတ္လုပ္မႈတန္ဖုိးက ၂၀၁၈ ခုႏွစ္ကထက္ .၅% က်ဆင္းၿပီး အခုႏွစ္မွာ ၅.၄ % နဲ႔ ၂၀၂၀ ခုႏွစ္မွာ ၅.၅ % ပဲ႐ွိမယ္လို႔ ခန္႔မွန္းပါတယ္။ အာ႐ွတလႊား ေငြေၾကးေဖာင္းပြမႈကေတာ့ အခုႏွစ္မွာေရာ ေ႐ွ႕ႏွစ္မွာပါ ၂.၇ % အထိ႐ွိမယ္လို႔ ADB ကေျပာပါတယ္။

တ႐ုတ္ႏုိင္ငံနဲ႔ အေမရိကန္ၾကား ျဖစ္ေနတဲ့ ကုန္သြယ္ေရးတင္းမာမႈေတြက ေ႐ွ႕ႏွစ္အထိ႐ွိႏိုင္သလုိ၊ ကမာၻ႔စီးပြားေရးမွာ အေရးပါတဲ့ႏုိင္ငံေတြကလည္း စီးပြားေရးတုိးတက္ေအာင္ အရင္ခန္႔မွန္းထားတာထက္ ပိုႀကိဳးစားရမယ့္အေျခအေနျဖစ္ေနတယ္လို႔ ADB ရဲ႕အဓိကစီးပြားေရးပညာ႐ွင္ Yasuyuki Sawada ကေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။ အာ႐ွ Pacific ေဒသထဲကမွ ေတာင္အာ႐ွေဒသက စီးပြားေရးအတိုးတက္ဆံုးေဒသျဖစ္မယ္လို႔ ADB ကေျပာပါတယ္။ India ႏိုင္ငံရဲ႕ စီးပြားေရးကေတာ့ .၅% က်ဆင္းႏိုင္တယ္လို႔ တြက္ပါတယ္။

အေ႐ွ႕ေတာင္အာ႐ွေဒသကေတာ့ ၂၀၁၉ ကုန္ခ်ိန္မွာ စီးပြားေရးတုိးႏႈန္းက အရင္မွန္းထားထက္ .၃ % ေလ်ာ့သြားမယ္လို႔ခန္႔မွန္းပါတယ္။ အာ႐ွက ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ ကုန္ေစ်းႏႈန္း အနည္းငယ္တက္လာတဲ့ဒဏ္ကိုလည္း ခံရမယ္လို႔ ADB ကေျပာထားပါတယ္။

ျမန္မာႏိုင္ငံအတြက္ ခန္႔မွန္းခ်က္မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတိုးႏႈန္းဟာ ၂၀၁၈ ခုႏွစ္က ၆.၈ % ႐ွိခဲ့ရာက ၂၀၁၉ အကုန္မွာ ၆.၆ % က်ဆင္းႏိုင္ၿပီး ေငြေၾကးေဖာင္းပြမႈႏႈန္းကလည္း မႏွစ္ကထက္ .၉ % တက္ၿပီး ၈ % အထိ႐ွိႏိုင္တယ္လို႔ ADB ရဲ႕ ၂၀၁၉ စီးပြားေရးခန္႔မွန္းခ်က္မွာ ေဖာ္ျပထားပါတယ္။

......................

{Unicode}

မြန်မာအပါအဝင် အာရှစီးပွားရေး ကျဆင်းမယ်လို့ ADB ခန့်မှန်း

ကမ္ဘာ့တဝန်း ကုန်သွယ်ရေးနှေးကွေးနေသလို၊ ရင်းနှီးမြှပ်နှံမှုပိုင်းမှာလည်း အားနည်းနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် အာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမယ်လို့ အာရှဖွံ့ဖြိုးရေဘဏ် ADB ကခန့်မှန်းလိုက်ပါတယ်။

အခုနှစ်မှာရော ရှေ့နှစ်မှာပါ အာရှဒေသစီးပွားရေးဟာ အရင်ခန့်မှန်းထားတာထက်ကို နှေးကွေးမယ်လို့ ADB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာရှဒေသရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးက ၂၀၁၈ ခုနှစ်ကထက် .၅% ကျဆင်းပြီး အခုနှစ်မှာ ၅.၄ % နဲ့ ၂၀၂၀ ခုနှစ်မှာ ၅.၅ % ပဲရှိမယ်လို့ ခန့်မှန်းပါတယ်။ အာရှတလွှား ငွေကြေးဖောင်းပွမှုကတော့ အခုနှစ်မှာရော ရှေ့နှစ်မှာပါ ၂.၇ % အထိရှိမယ်လို့ ADB ကပြောပါတယ်။

တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေက ရှေ့နှစ်အထိရှိနိုင်သလို၊ ကမ္ဘာ့စီးပွားရေးမှာ အရေးပါတဲ့နိုင်ငံတွေကလည်း စီးပွားရေးတိုးတက်အောင် အရင်ခန့်မှန်းထားတာထက် ပိုကြိုးစားရမယ့်အခြေအနေဖြစ်နေတယ်လို့ ADB ရဲ့အဓိကစီးပွားရေးပညာရှင် Yasuyuki Sawada ကကြေညာချက်ထဲမှာ ပြောထားပါတယ်။ အာရှ Pacific ဒေသထဲကမှ တောင်အာရှဒေသက စီးပွားရေးအတိုးတက်ဆုံးဒေသဖြစ်မယ်လို့ ADB ကပြောပါတယ်။ India နိုင်ငံရဲ့ စီးပွားရေးကတော့ .၅% ကျဆင်းနိုင်တယ်လို့ တွက်ပါတယ်။

အရှေ့တောင်အာရှဒေသကတော့ ၂၀၁၉ ကုန်ချိန်မှာ စီးပွားရေးတိုးနှုန်းက အရင်မှန်းထားထက် .၃ % လျော့သွားမယ်လို့ခန့်မှန်းပါတယ်။ အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကုန်ဈေးနှုန်း အနည်းငယ်တက်လာတဲ့ဒဏ်ကိုလည်း ခံရမယ်လို့ ADB ကပြောထားပါတယ်။

မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးနှုန်းဟာ ၂၀၁၈ ခုနှစ်က ၆.၈ % ရှိခဲ့ရာက ၂၀၁၉ အကုန်မှာ ၆.၆ % ကျဆင်းနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း မနှစ်ကထက် .၉ % တက်ပြီး ၈ % အထိရှိနိုင်တယ်လို့ ADB ရဲ့ ၂၀၁၉ စီးပွားရေးခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာအပါအ၀င္ အာရွစီးပြားေရး က်ဆင္းမယ္လို႔ ADB ခန္႔မွန္း ျမန္မာအပါအ၀င္ အာရွစီးပြားေရး က်ဆင္းမယ္လို႔ ADB ခန္႔မွန္း Reviewed by THITHTOOLWIN on 23:37 Rating: 5
Powered by Blogger.