ကြေးနီချောင်းတံတား RCထောက်တိုင်တစ်တိုင်ရေစီးနှင့်မျောပါမှုဖြစ်ပွားခဲ့


အောင်လံ ဩဂုတ် ၁၂

အောင်လံမြို့နယ် မိုးကောင်းကျေးရွာအနီး ပြည်လမ်းရှိ အရှည်(၃၀၆)ပေရှိ ကြေးနီချောင်းတံတားသည် ဩဂုတ်လ(၁၂)ရက် နံနက် (၂)နာရီအချိန်က မိုးရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းတိုက်စားမှုကြောင့် တံတားအလယ်ခန်းဖွင့်ရှိ အလယ်တွင်ထောက်ထားသည့် RCထောက်တိုင် တစ်တိုင် ရေစီးနှင့်မျောပါမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားမှာလွန်ခဲ့သော (၁၉၂၄)ခုနှစ်ခန့်က မြို့နယ်ဆောက်လုပ်ရေးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မျောပါသွားသောထောက်တိုင်မှာ တံတားအထူးအဖွဲ့၊ တည်ဆောက်ရေး(၅)မှ (၂၀၀၃)ခုနှစ်တွင် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် လမ်းဦးစီးဌာနမှ တံတားပြုပြင်ဆောင်ရွက်ခဲ့သော တံတားတည်ဆောက်ရေးအဖွဲ့(၅)ထံသို့ ပြန်လည်ပြုပြင်ဆောင်ရွက် နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်ထားပြီး၊ ယင်းဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လမ်းဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့သည် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပတ်ဝန်ကျင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူကွင်းဆင်းစစ်ဆေးကာ လက်ရှိအနေဖြင့်(၆)တန် အောက်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့်ပြုထားကြောင်းနှင့် ယာဉ်ကြီးများဖြတ်သန်းသွားလာမှု အန္တရာယ်မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြေးနီချောင်းတံတား RCထောက်တိုင်တစ်တိုင်ရေစီးနှင့်မျောပါမှုဖြစ်ပွားခဲ့ ကြေးနီချောင်းတံတား RCထောက်တိုင်တစ်တိုင်ရေစီးနှင့်မျောပါမှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.