ဖမ်းဆီးခံ အီရန်ရေနံတင်သဘောင်္ ဂရိနိုင်ငံထွက်ခွာဖို့ Gibraltor ခွင့်ပြု


ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်မှုနဲ့ ဗြိတိန် ပိုင်နက် ဂျီဘရော်တာမှာ ဖမ်းခံခဲ့ရတဲ့ အီရန် ရေနံတင်သဘောင်္က တနလာင်္နေ့မှာ ဂရိနိုင်ငံကို ဦးတည် ခုတ်မောင်းသွားပြီ ဖြစ်ပါတယ်။ ဒီသဘောင်္ကို ထိန်းသိမ်းနိုင်ရေး အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဂျီဘရော်တာ အာဏာပိုင်တို့ ပယ်ချခဲ့ပြီးနောက် အခုလို ရေနံတင် သဘောင်္ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Grace 1 ဆိုတဲ့ နာမည်ကနေ Adrian Darya 1 လို့ နာမည်ပြောင်းလိုက်တဲ့ ရေနံတင် သဘောင်္က ဘယ်ကို ဦးတည် ခုတ်မောင်းမယ်ဆိုတာကို အာဏာပိုင်တွေဘက်က လူသိရှင်ကြား မထုတ်ပြန်ပေမယ့်လည်း ဒီသဘောင်္က ဂရိနိုင်ငံ Kalamata ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းနေပြီး နောက်သီတင်းပတ် တနင်္ဂနွေနေ့မှာ ဆိုက်ကပ်ဖို့ ရှိတယ်လို့ ရေကြောင်း သွားလာရေး စောင့်ကြည့်မှု ဆိုင်ရာ အချက်အလက်တွေမှာ တနလာင်္နေ့က ဖော်ပြနေပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ရေနံစိမ်းစည် ၂ ဒသမ ၁ သန်း တင်ဆောင်လာတဲ့ ရေနံတင် သဘောင်္ကို အမေရိကန်ဘက်က ထိန်းသိမ်းဖို့ ဆောင်ရွက်ချက် မှန်သမျှ ပြင်းထန်တဲ့ အကျိုးဆက်တွေ ထွက်လာနိုင်တယ်လို့ အီရန်ဘက်က သတိပေးထားပါတယ်။ အမေရိကန်ဘက် အခြေအနေတွေ ပိုပြီး တင်းမာလာအောင် ကြိုးစားနေကြောင်း အီရန်ဘက်က ယုံကြည်ထားပြီး တဖက်မှာလည်း အခု ရေနံတင် သဘောင်္ ကိစ္စက ပြေည်လည်သွားတာကြောင့် အီရန်အနေနဲ့ အားရကျေနပ် ဖြစ်မိကြောင်းနဲ့ တင်းမာမှုတွေ လျော့ကျသွားစေမယ်လို့ မျှော်လင့်ကြောင်း အီရန် နိုင်ငံခြားရေး ၀န်ကြီး Mohammad Javad Zarif က ပြောပါတယ်။

ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန် ရေနံတင် သဘောင်္က ဆီးရီးယားကို ဦးတည် ခုတ်မောင်းနေတယ်ဆိုတဲ့ ယူဆချက်နဲ့ ဗြိတိန် ပိုင်နက် တခုဖြစ်တဲ့ ဂျီဘရော်တာမှာ ဇူလိုင်လ ၄ ရက်နေ့က ရေနံတင် သဘောင်္ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဖမ်းဆီးခံ အီရန်ရေနံတင်သဘောင်္ ဂရိနိုင်ငံထွက်ခွာဖို့ Gibraltor ခွင့်ပြု ဖမ်းဆီးခံ အီရန်ရေနံတင်သဘောင်္ ဂရိနိုင်ငံထွက်ခွာဖို့ Gibraltor ခွင့်ပြု Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.