ငါးသိုင်းချောင်း ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံး


ငါးသိုင်းချောင်း ဩဂုတ် ၁၀

ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်း-လေးမျက်နှာ ကားလမ်း လက်ပံရိုးတံတား မအူကုန်ကျေးရွာအုပ်စု ဗောဓိကုန်းရွာအနီးတွင် ဩဂုတ် ၁၀ ရက် ယနေ့နံနက် ၁၁ နာရီတွင် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်ကြောင်း သတင်းကြားသိရသည်။

အဆိုပါ ယာဉ်တိုက်ရာတွင် ဩဂုတ် ၁၀ ရက် နံနက် ၁၁ နာရီခန့်က ရဲစခန်း၌ တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် မအူကုန်အုပ်စု ဗောဓိကုန်း ရွာအနီး လက်ပံရိုးတံတားအနီးတွင် ဆိုင်ကယ် နှစ်စီးတိုက်သဖြင့် ဒဏ်ရာရရှိသွားကြောင်း သတင်း၍ သွားရောက်စစ်ဆေးရာ ဗောဓိကုန်းကျေးရွာ လက်ပံရိုးတံတားအနီး ငါးသိုင်းချောင်း လေးမျက်နှာကားလမ်း မိုင်တိုင်အမှတ် ၁၅/၂ နှင့် ၁၅/၃ အကြား ကားလမ်းမပေါ်တွင် လေးမျက်နှာဘက်မှ ငါးသိုင်းချောင်းဘက်သို့ ယာဉ်မောင်း မောင်အောင်မိုးဦး မောင်းနှင်လာသော ဆိုင်ကယ် Superambo C/125 အပြာရောင် ဆိုင်ကယ်နှင့် ငါးသိုင်းချောင်းဘက်မှ လေးမျက်နှာဘက်သို့ ယာဉ်မောင်း ရဲလင်းဦး မောင်းနှင်လာသော ဆိုင်ကယ် ၄၄ယ/------Kenbo -125 ဆိုင်ကယ်တို့မှာ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ယာဉ်မောင်း မောင်အောင်မိုးဦး မှာ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ရဲလင်းဦးမှာ ဒဏ်ရာများရရှိသွားသဖြင့် ဆိုင်ကယ်အား ပေါ့လျော့စွာမောင်းနှင်သူ အောင်မိုးဦး နှင့် ရဲလင်းဦးတို့အား ငါးသိုင်းချောင်း နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငါးသိုင်းချောင်း ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံး ငါးသိုင်းချောင်း ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.