ပထက်ကျေးရွာ အောင်မြတ်ဖြိုးကုမ္ပဏီပိုင် ငါးမုန့်ကြိတ်စက်ရုံ၌ အလုပ်သမားတစ်ဦး ရေခဲကြိတ်စက်ထဲသို့ ပြုတ်ကျသေဆုံး


ကျွန်းစု ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာရှိ အောင်မြတ်ဖြိုး ကုမ္ပဏီပိုင် ငါးမုန့်ကြိတ်စက်ရုံ၌ ဩဂုတ် (၂၂)ရက် မွန်းလွဲ(၁)နာရီ ခန့်က အလုပ်သမားတစ်ဦး ရေခဲကြိတ်စက်ထဲသို့ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ရေခဲစက်မှ ရေခဲချအလုပ်သမားများ သူရဟိန်း၊ ဇင်မင်းသူ၊ ထွန်းအေးတို့(၃)ဦးသည် ရေခဲလာရောက်ဝယ်ယူသည့် ဝါးလတ်လှေထဲသို့ တံတားပေါ်ရှိ ကုမ္ပဏီပိုင် ဆယ်ဘီးကားပေါ်မှ ပေါင်(၄၀၀)ခန့်ရှိ ရေခဲတုံးများအား ရေခဲကြိတ်စက်ထဲသို့ တွန်းချကာ ရေခဲများအား ကြိတ်ခွဲပြီး ဝါးလတ်လှေထဲသို့ချနေစဉ် ထွန်းအေးမှာ နောက်ဆုံးရေခဲတုံးအား ကားပေါ်မှ ရေခဲခွဲစက်ထဲသို့ ခြေဖြင့်ကန်၍ တွန်းချလိုက်ရာမှ ခြေချော်ကာ ရေခဲကြိတ်စက်ထဲသို့ ပြုတ်ကျသွားခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကြေမွပျက်စီးပြတ်တောက်၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကျွန်းစုမြို့မရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)
https://www.facebook.com/MYANMAALINNNEWS
ပထက်ကျေးရွာ အောင်မြတ်ဖြိုးကုမ္ပဏီပိုင် ငါးမုန့်ကြိတ်စက်ရုံ၌ အလုပ်သမားတစ်ဦး ရေခဲကြိတ်စက်ထဲသို့ ပြုတ်ကျသေဆုံး ပထက်ကျေးရွာ အောင်မြတ်ဖြိုးကုမ္ပဏီပိုင် ငါးမုန့်ကြိတ်စက်ရုံ၌ အလုပ်သမားတစ်ဦး ရေခဲကြိတ်စက်ထဲသို့ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.