အင်း​တော်​မြို့နယ်​တွင်​ အသက်​(၇၈)နှစ်​အရွယ်​အဖိုးအိုတစ်​ဦး​ ဝက်​အူလှည့်ဖြင့် ထိုးခံရသဖြင့်သေဆုံး


ကသာ ဩဂုတ် ၂၁

စစ်​ကိုင်းတိုင်းဒေသကြီး အင်း​တော်​မြို့နယ်​ နဘား​ကျေးရွာတွင်​ အဖိုးအိုတစ်​ဦးဝက်​အူလှည့်ဖြင့် ထိုးခံရသဖြင့်သေဆုံသွား​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဩဂုတ် ၂၀ ရက်​​ ည၈ နာရီ ၂ဝ မိနစ် ​ခန့်က ​အင်း​တော်​မြို့နယ်​နဘားဘူတာစင်္ကြံအတွင်း နဘား​ကျေးရွာ၊ ရွာမရှမ်းကုန်းရပ်​ကွက်​​နေအသက်​၇၈နှစ်​အရွယ်​ဦး​မောင်​ကြီး နှင့် နဘား​ကျေးရွာ၊ ဘူတာစုရပ်​ကွက်​​နေ အသက်​၄၈နှစ်​အရွယ်​​ကျော်​ဝင်းဆိုသူတို့ အချင်းဖြစ်​ စကားများရန်​ဖြစ်​ကြရာ​ ကျော်​ဝင်းဆိုသူမှအသင့်ပါလာ​သော စတားဝက်​အူလှည့်ဖြင့် ထိုးလိုက်​ရာ ဦး​မောင်​ကြီးမှာ အင်း​တော်ဆေးရုံတင်ပို့ကုသရာ ဆေးရုံအ​ရောက်တွင် ​သေဆုံးသွားသဖြင့် ​ကျော်​ဝင်းအား အင်းတော်​မြို့မရဲစခန်းမှ ဥပ​ဒေအရ ဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်း​တော်​မြို့နယ်​တွင်​ အသက်​(၇၈)နှစ်​အရွယ်​အဖိုးအိုတစ်​ဦး​ ဝက်​အူလှည့်ဖြင့် ထိုးခံရသဖြင့်သေဆုံး အင်း​တော်​မြို့နယ်​တွင်​ အသက်​(၇၈)နှစ်​အရွယ်​အဖိုးအိုတစ်​ဦး​ ဝက်​အူလှည့်ဖြင့် ထိုးခံရသဖြင့်သေဆုံး Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.