ပြည်ဝင်ခွင့်ငြင်းပယ်ခံရသူ ကန် အမျိုးသမီးလွှတ်တော်အမတ် အစ္စရေးပြန်လက်ခံ

FILE - In this July 15, 2019, file photo, U.S. Rep. Ilhan Omar, D-Minn, right, speaks, as U.S. Rep. Rashida Tlaib, D-Mich. listens, during a news conference at the Capitol in Washington.(AP Photo/J. Scott Applewhite, File)
အမေရိကန်အမျိုးသမီး လွှတ်တော်အမတ် ၂ ယောက်ကို အစ္စရေးက ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီးနောက် တယောက်ကိုတော့ ပြည်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ပြင်ဆင်လိုက်ပါတယ်။

အောက်လွှတ်တော်အမတ် Rashida Tlaib ကိုသူ့ရဲ့ ပါလက်စတိုင်လူမျိုးအဖွားနဲ့ တွေ့နိုင်ဖို့ လူသားချင်းစာ နာတဲ့အနေနဲ့ ပြည်ဝင်ခွင့်ပြုတယ်လို့ အစ္စရေးပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာပါတယ်။ အောက်လွှတ်တော်အမတ် Rashida Tlaib နဲ့ Ilhan Omar တို့ကို ပြည်ဝင်ခွင့် မပြုဘူးလို့ အစ္စရေးက ကြာသပတေးနေ့က ကြေညာချက်တဲ့အတွက် အရှေ့အလယ်ပိုင်းဒေသက အမေရိကန်မဟာမိတ် အစ္စရေးအပေါ် အမေရိကန်ထောက်ခံမှုနဲ့ ပတ်သက်လို့ အခြေအတင် ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။ ဒီကနေ့ အစ္စရေးအစိုးရထုတ်ပြန်ချက်ထဲမှာ အမတ် Omar ရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Democrat ပါတီဝင် အမေရိကန် လွှတ်တော်အမတ် ၂ ယောက်လုံးဟာ ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ အစ္စရေးနဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက မြို့တချို့ဆီကို သွားရောက်ဖို့ စီစဉ်ထား ကြတာပါ။ သူတို့ကို ပြည်ဝင်ခွင့် ပေးရင် အစ္စရေးရဲ့ အားနည်းချက်ကို ပြရာရောက်မယ် အမေရိကန်သမ္မတ Donald Trump က Twitterလူမှုကွန်ယက်ပေါ်မှာ ကြာသပတေးနေ့က ရေးသားခဲ့ပြီး မကြာခင်မှာပဲ ပြည်ဝင်ခွင့် မပေးဘူးလို့ အစ္စရေးအစိုးရကလည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြတဲ့ အမျိုးသမီး လွှတ်တော်အမတ် ၂ ယောက်လုံးဟာ အင်တန် ဂျူးဆန့်ကျင်သူ၊ အစ္စရေးဆန့်ကျင်သူတွေဖြစ်တာမို့ အစ္စရေးက နိုင်ငံထဲ ပေးမဝင်တာနားလည်နိုင်တယ်လို့ သမ္မတ Trump ကပြောပြီး အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
ပြည်ဝင်ခွင့်ငြင်းပယ်ခံရသူ ကန် အမျိုးသမီးလွှတ်တော်အမတ် အစ္စရေးပြန်လက်ခံ ပြည်ဝင်ခွင့်ငြင်းပယ်ခံရသူ ကန် အမျိုးသမီးလွှတ်တော်အမတ် အစ္စရေးပြန်လက်ခံ Reviewed by THITHTOOLWIN on 00:22 Rating: 5
Powered by Blogger.