လားရှိုးမှာ လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ


တောင်ကြီး၊သြဂုတ်၁၇

လားရှိုးမြို့၊ ရပ်ကွက်(၁၂)အောင်သစ္စာတိုးချဲ့ရပ်ကွက်ဘက်တွင် လူနေအိမ် ၂ လုံးပေါ်သို့ လက်နက်ကြီးကျည်ဆံကျရောက်ထိမှန်ခံရတဲ့အတွက် အိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး နောက်တစ်လုံးမှာလဲ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။


"မြို့အထွက်မှာဖြစ်တာပါ။မြို့တွင်းတာ့မဟုတ်ဘူး။၁မိုင်လောက်ဝေးသေးတယ်။ တပ်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အချိန်မှာ တပ်ကိုမရောက်ဘဲ လူနေအိမ်ပေါ်လာကျတာ။အိမ်၂လုံးထိသွားတယ် တစ်လုံးကတော့ တော်တော်လေးပျက်စီးသွားတယ်။ လူကတော့ သားအမိနှစ်ယောက်ကိုထိသွားတယ်။ အခု စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်"ဟု လားရှိုးမြို့ဒေသခံ ကိုနေမျိုးက ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။


လူနေအိမ်သို့ လက်နက်ကြီးကျည်ထိခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်ထိခိုက်(စိုးရိမ်ရ)ဒဏ်ရာ၊ ကလေးငယ်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းကြောင်းကိုလည်း သိရပါတယ်။

နေ့လည်ပိုင်းအချိန်ကလည်း လားရှိုးမြို့၊ဟိုပိတ်ကျေးရွာအနီး ၁၂ မိုင်ရှိ ဆီပန့်ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်အဖွဲ့မှ ယနေ့နံနက်ပိုင်းအချိန်က မီးရှို့မှုကြောင့် မီးလောင်ကျွမ်းလျက်ရှိတဲ့နေရာကို ကူညီကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့လားရှိုးလူငယ်ပရဟိတအဖွဲ့လူနာတင်ယာဉ်ကို လက်နက်ကြီးထိမှန်ပြီး ဥက္ကဌဖြစ်သူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လားရှိုးမှာ လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ လားရှိုးမှာ လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.