တောင်ကြီးမြို့ မိုးသည်းထန်စွာရွာသွန်းစဉ် နေအိမ်အုတ်တံတိုင်းပြိုကျကာ အသက်​၆၈နှစ်​အရွယ်​ အမျိုးသားတစ်ဦးသေဆုံး

ဓာတ်ပုံ- အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့တဲ့နေအိမ် သို့ ကြက်ခြေနီအဖွဲ့တွေ သွားရောက်ကူညီ နေပုံ

တောင်ကြီး ၊ သြဂုတ် ၁၈

တောင်ကြီးမြို့တွင် သြဂုတ် ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောင်းကြီးစုရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ အုတ်တံတိုင်းပြိုကျခဲ့ကာ အသက်​၆၈နှစ်​အရွယ်​ အမျိုးသားတစ်​ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ကျောင်းကြီးစုရပ်ကွက် ၊ စိန်စွယ်လမ်း၊ အိမ်အမှတ် ၅၆ ရှိ တစ်ထပ် နံကပ်အိပ် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်ရှိ အသက် ၆၈ နှစ်အရွယ်ရှိ ဦးလှမြင့် ဆိုသူဟာ အုတ်တံတိုင်းအောက်မှာ ပိကျခဲ့ကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးမြို့မရဲစခန်းမှ သိရပါတယ်။

ဦးလှမြင့်ဆိုသူဟာ မိုးရွာသွန်းနေစဉ် နေအိမ်ရေမြောင်းအုတ်တံတိုင်းပြုလုပ်အပြီး အိမ်နောက်ဖေးရှိ ရေအိမ်သာသို့သွားရောက်တဲ့အချိန်မှာ အုတ်တံတိုင်းပြိုကျပိမိပြီးသေဆုံးခဲ့တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ- အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့တဲ့နေအိမ် သို့ ကြက်ခြေနီအဖွဲ့တွေ သွားရောက်ကူညီ နေပုံ

နေအိမ်အုတ်တံတိုင်းပြိုကျပိမိနေတယ်ဆိုတာကို ဦးလှမြင့်ရဲ့သားဖြစ်သူက ရပ်ကွက်ရုံးကို အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ကြက်ခြေနီ အဖွဲ့တွေနဲ့သွားရောက် ကူညီမထုတ်စဉ်အချိန်မှာ အုတ်တံတိုင်းတွေအောက်မှာ ဦးလှမြင့်ကိုသေဆုံးလျက်တွေ့ရှိခဲ့တယ်လို့လည်း ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ထို့အတူ ကျောင်းကြီးစုရပ်ကွက် မှာလည်း အဆောင် အုတ်တံတိုင်းပြိုကျခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားပါတယ်။

နေအိမ်အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီးသေဆုံးခဲ့တာနဲ့ပတ်သတ်ပြီး ဓမ္မတာတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကို တောင်ကြီးမြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

တောင်ကြီးမြို့မှာ သြဂုတ်လ ၁၇ ရက် ညပိုင်းကမိုးသည်းထန်စွာရွာသွန်းပြီ နောက် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုတွေဖြ စ်ပွားခဲ့ကာ နေအိမ်အချို့ ရေ၀င်ရောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

သတင်း-နန်းဧကရီ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့ မိုးသည်းထန်စွာရွာသွန်းစဉ် နေအိမ်အုတ်တံတိုင်းပြိုကျကာ အသက်​၆၈နှစ်​အရွယ်​ အမျိုးသားတစ်ဦးသေဆုံး တောင်ကြီးမြို့ မိုးသည်းထန်စွာရွာသွန်းစဉ် နေအိမ်အုတ်တံတိုင်းပြိုကျကာ အသက်​၆၈နှစ်​အရွယ်​ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.