စလင်းမြို့နယ် ​ဖောင်းလင်းရွာ ဘုရားပွဲ၌ ဓားထိုးမှုဖြစ်​၍လူတစ်ဦး​သေဆုံး


မ​ကွေး ဩဂုတ် ၁၉

မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ ဖောင်းလင်း​ကျေးရွာ ​ရွှေ​စောလူး ဘုရားပွဲတွင် ​ ဩဂုတ်​ ၁၈ ရက် ညသန်းခေါင်က စကားများရန်​ဖြစ်​ရာမှ ဓားထိုးမှုဖြစ်​ကာလူတစ်​ဦး​သေဆုံးခဲ့သည်​။

ဖြစ်စဉ်မှာ စလင်းမြို့နယ်​​ ဖောင်းလင်း​ကျေးရွာ၌ နှစ်​စဉ်​ကျင်းပမြဲဖြစ်​​သော ​ရွှေ​စောလူးဘုရားပွဲ ၌ ညဘက်​တွင် ​ဇာတ်​ပွဲကပြရာ သာဂရ​ကျေးရွာ​နေ စည်​သူ အောင်​ (၁၇ နှစ်​) သည်​ ဇာတ်​ပွဲကြည့်နေစဉ်​ အမည်​မသိလူတစ်​ဦးနှင့် စကားများရန်​ဖြစ်​ရာမှ ဓားထိုးခံရပြီး စလင်းဆေးရုံသို့တင်​ပို့စဉ်​ စည်​သူ​အောင်​မှာ ရရှိဒဏ်​ရာဖြင့် လမ်းတွင်​ပင်​​သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်​ဖြစ်​သူ​ဒေါ်မိုမိုးက စလင်းမြို့မရဲစခန်းသို့ တိုင်​ကြားသဖြင့် စည်​သူ​အောင်​အား ဓားဖြင့်ထိုးသွားသူအမည်​မသိအား အမှုဖွင့် အ​ရေးယူစုံစမ်းလျက်​ရှိ​ကြောင်း သိရသည်​။

စစ်​ကြည်​(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စလင်းမြို့နယ် ​ဖောင်းလင်းရွာ ဘုရားပွဲ၌ ဓားထိုးမှုဖြစ်​၍လူတစ်ဦး​သေဆုံး စလင်းမြို့နယ် ​ဖောင်းလင်းရွာ ဘုရားပွဲ၌ ဓားထိုးမှုဖြစ်​၍လူတစ်ဦး​သေဆုံး Reviewed by THITHTOOLWIN on 00:07 Rating: 5
Powered by Blogger.