ရာဘာခြံမြေသားလမ်းဘေးမှာ ဓါးဖြင့် ထိုးသွင်းဒဏ်ရာ (၇)ချက်ဖြင့် အမျိုးသားတစ်ဦးသေဆုံး


တာချီလိတ်။သြဂုတ် ၃

တာချီလိတ်မြို့၊ ဝမ်လုံးကျးရွာမှ ရွှေသာလောင်း ဘုန်းကြီးကျောင်း သွားလမ်း၊ ရာဘာခြံမြေသားလမ်း ဘေးမှာ ဒီကနေ့ သြဂုတ်လ (၃)ရက်နေ့ ညနေပိုင်းက အမည်မသိ အမျိုးသားတစ်ဦးမှာ ဓါးဖြင့် ထိုးသွင်းဒဏ်ရာ (၇)ချက်နဲ့ သေဆုံးနေကြောင်း သိရပြီး တရားခံမှာ ထွက်ပြေးနေတယ်လို့ သိရပါတယ်။


ဝမ်လုံးကျေးရွာနဲ့ (၂)မိုင်ခန့်အကွာ တောလမ်းမှာ ဒီကနေ့ ညနေ (၄)နာရီအချိန်ခန့်က လူတစ်ဦးသေဆုံးနေကြောင်းသတင်းအရ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များတို့က သက်သေများနဲ့အတူ သွားရောက်စစ်ဆေးရာ ဝမ်လုံးကျေးရွာမှ ရွှေသာလောင်း ဘုန်းကြီးကျောင်းသွားလမ်း၊ ရာဘာခြံမြေသားလမ်းဘေးမှာ တိုင်းရင်းသားလူမျိုး အမည်မသိ အသက်(၂၅)နှစ်ခန့် အမျိုးသားတစ်ဦး ပလက်အနေအထားဖြင့် နေဆုံးနေတာကို တွေ့ရှိလို့ စစ်ဆေးရာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲပါးစောင်းပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဂျိုင်းအောက်နံကြားထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲတံတောင်ဆစ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲလက်မပြတ်ရှ ဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိရတဲ့ အတွက် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


သေစေအောင်ဓါးဖြင့် ထိုးသတ်သွားတဲ့ အမည်မသိ အမျိုးသားကို တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၄၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ထွက်ပြေးတရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းနေတယ်လို့သိရပါတယ်။

ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရာဘာခြံမြေသားလမ်းဘေးမှာ ဓါးဖြင့် ထိုးသွင်းဒဏ်ရာ (၇)ချက်ဖြင့် အမျိုးသားတစ်ဦးသေဆုံး ရာဘာခြံမြေသားလမ်းဘေးမှာ ဓါးဖြင့် ထိုးသွင်းဒဏ်ရာ (၇)ချက်ဖြင့် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:29 Rating: 5
Powered by Blogger.