ဒါကာကကျူးကျော်ရပ်ကွက်မီးလောင်လို့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့ဖြစ်

အိမ်တွေရဲ့အမိုးအကာတွေက ပလက်စတစ်တွေကိုသုံးထားတာကြောင့်လည်း မီးကူးစက်မှု ပိုပြီးမြန်စေခဲ့ပါ တယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာက ကျူးကျော်ရပ်ကွက်မှာ မီးအကြီးအကျယ်လောင်လို့ အဲဒီမှာနေ ထိုင်ကြတဲ့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့တွေဖြစ်ခဲ့ပါတယ်။

သောကြာနေ့ ညပိုင်း၊ ချာလန်တီကာ ကျူးကျော်ရပ်ကွက်မီးလောင်ကျွမ်းမှုကြောင့် တဲအိမ်လေးတွေ အနည်းဆုံး ၁၂၀၀ လောက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အိမ်တွေရဲ့အမိုးအကာတွေက ပလက်စတစ်တွေကိုသုံးထားတာကြောင့်လည်း မီးကူးစက်မှု ပိုပြီးမြန်စေခဲ့ပါ တယ်။ ဒါပေမယ့် မီးကြောင့် သေဆုံးမှုရှိတာကိုတော့ အစီရင်မခံထားပါးဘူး။ လူအများအပြားတော့ ဒဏ်ရာရကြပါတယ်။

 မီးဘေးကြောင့် အိမ်ခြေမဲ့တွေဖြစ်သွားတဲ့ အရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး
အဲဒီမှာနေထိုင်ကြတဲ့သူတွေအများစုက ဝင်ငွေနိမ့်ပါးတဲ့သူတွေဖြစ်ပါတယ်။ မူဆလင်တွေရဲ့ အီပွဲတော်အပြီး ဖြစ်နေချိန်ကြောင့်လည်း အများစုက အိမ်မှာရှိမနေကြပဲ၊ အဝေးရောက်နေကြချိန်လည်းဖြစ်ပါတယ်။

မီးဘေးကြောင့် အိမ်ခြေမဲ့တွေဖြစ်သွားတဲ့ အရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ ရိုက်တာ သတင်းဌာနကတော့ လူ သုံးထောင် လောက်လို့ အစီရင်ခံပေမယ့် အေအက်ပီလိုသတင်းဌာနမျိုးကလည်း တစ်သောင်း လို့ အစီရင်ခံထားပါတယ်။

အဲဒီမတိုင်မီ အခြားသတင်းမီဒီယာတွေမှာတော့ လူဦးရေ ငါးသောင်းအထိ ရှိနိုင်တယ်လို့ဆိုထားပါတယ်။

အဲဒီမှာနေထိုင်ကြတဲ့သူတွေအများစုက ဝင်ငွေနိမ့်ပါးတဲ့သူတွေဖြစ်ပါတယ်။ မူဆလင်တွေရဲ့ အီပွဲတော်အပြီး ဖြစ်နေချိန်ကြောင့်လည်း အများစုက အိမ်မှာရှိမနေကြပဲ၊ အဝေးရောက်နေကြချိန်လည်းဖြစ် 

BBC Burmese
https://www.bbc.com
ဒါကာကကျူးကျော်ရပ်ကွက်မီးလောင်လို့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့ဖြစ် ဒါကာကကျူးကျော်ရပ်ကွက်မီးလောင်လို့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့ဖြစ် Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.