ရှမ်းမြောက် တိုက်ခိုက်မှုတွေကြောင့် လူ၁၅၀၀ ကျော် နေရပ်စွန့် ခွာ


 သြဂုတ်လ ၁၅ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနဲ့ မေမြို့ တပ်မတော် နည်းပညာတက္ကသိုလ်တို့ကို မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အတွက် နောင်ချိုမြို့နယ်က ပြည်သူ ၅ဝဝ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးေ ရးဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီ ဒေသခံပြည်သူ တွေဟာ သြဂုတ်လ ၁၆ ရက်တွင် နေရပ်ပြန်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် လားရှိုးနဲ့ အနီးအနား ကျေးရွာတွေက ပြည်သူ ၁,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာနေရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ တွေကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၇ ရက်နေ့ ကလည်း ရပ်ရွာအခြေပြု လူမှုရေး အဖွဲ့တခုက လူနာတင်ကား သေနတ်ကျည်ထိမှန်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူ (၁) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာ ရခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံလူထုအနေနဲ့ ဆက်လက်ပြီး စစ်ဘေးရှောင်နေရဦးမယ်ဆိုရင် အစားအစာ၊ ရေနဲ့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေ လိုအပ်နိုင်တယ် လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရှမ်းမြောက် တိုက်ခိုက်မှုတွေကြောင့် လူ၁၅၀၀ ကျော် နေရပ်စွန့် ခွာ ရှမ်းမြောက် တိုက်ခိုက်မှုတွေကြောင့် လူ၁၅၀၀ ကျော် နေရပ်စွန့် ခွာ Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.