အိပ်ပျော်နေသူအား ဓားဖြင့်ခုတ်ခံရသဖြင့် သေဆုံးမှုခေါင်းကွဲကျေးရွာတွင်ဖြစ်ပွား


မြင်းခြံ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာတွင် အိပ်ပျော်နေသူအား ဓားဖြင့် ခုတ်ခံရသဖြင့် တစ်ယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရမှုကို ဩဂုတ် ၁၃ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ခေါင်းကွဲကျေးရွာနေဦးဝင်းညွန့်သည် အိမ်ရှေ့ရေစပ်ရှိလှေပေါ်တွင် အိပ်ပျော် နေပြီး ဇနီးဖြစ်သူ ဒေါ်မြင့်မာနှင့် သမီး မခိုင်ဇင်ဦး ၊ မအေးသူဇာတို့ သုံးဦးမှာ အိမ်ပေါ်တွင် အိပ်နေကြသည်။ ထိုသို့ အိပ်ပျော်နေစဉ် အိမ်ရှေ့လှေပေါ်၌ အိပ်ပျော်နေသော ဦးဝင်းညွန့်ထံမှ ကယ်ပါဦး...ကယ်ပါဦး ဟု အသံကုန်အော်ဟစ် အကူညီတောင်းသံကြား၍ ဇနီးဖြစ်သူ ဒေါ်မြင့်မာနှင့် သမီးများ လှေရှိရာသို့ ပြေးသွားကြရာ ဦးဝင်းညွန့် အနီးတွင် တစ်ရွာတည်းနေ ဦးကျော်ထွန်းလင်း(ခ) ကုလားနှင့် ၎င်း၏ သားဖြစ်သူ အောင်ဇော်ဟိန်းတို့က ဓားရှာည်ကိုင်ထား သည်ကို တွေ့မြင်ရကြောင်း၊ ဒေါ်မြင့်မာက လမ်းတွင်လဲကျနေစဉ် ပြေးဝင်သွားသည့် သမီးများဖြစ်သော မအေးသူဇာနှင့် မခိုင်ဇင်ဦးတို့အား ဓားဖြင့် ဝိုင်းဝန်းခုတ်ကြရာ နာကျင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ဦးဝင်းညွန့်မှာ နေရာတွင် သေဆုံးနေကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံးမှုနှင့် နာကျင်ဒဏ်ရာများရအောင် ပြစ်မှုကျူးလွန်သည့် ဦးကျော်ထွန်းလင်း(ခ)ကုလားနှင့် ၎င်း၏ သားဖြစ်သူ အောင်ဇော်ဟိန်းတို့အား မြင်းခြံ မြို့ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည် ။

ဇော်မင်းနိုင်(မြင်းခြံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အိပ်ပျော်နေသူအား ဓားဖြင့်ခုတ်ခံရသဖြင့် သေဆုံးမှုခေါင်းကွဲကျေးရွာတွင်ဖြစ်ပွား အိပ်ပျော်နေသူအား ဓားဖြင့်ခုတ်ခံရသဖြင့် သေဆုံးမှုခေါင်းကွဲကျေးရွာတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.