တနင်္သာရီ မြို့ တနင်္သာရီမြစ်ရေဟာ သြဂုတ်လ ၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ၂၀ ပေ၊ ၅ လက်မ အထိ ရောက်ရှိနေပါတယ်။
စိုးရိမ်ရေမှတ် ၁၇ ပေ၊ အထက် ကျော်လွန်ပြီး ၂၀ ပေ၊ ၅ လက်မအထိမြစ်ရေမြှင့်တက်နေတာကြောင့် မြေနိမ့်ပိုင်းနေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ ရေဘေးသင့်နေကြောင်းသိရပါတယ်။
လက်ရှိတွင် တနင်္သာရီမြို့နယ်တွင်းမှာ ရေဘေးသင့်ပြည်သူများအတွက် ဘန်းသဲကျေးရွ ဘန်းတော်ကြီးကျောင်း၊ ချောင်းကြီးရပ်ဘုန်းတော်ကြီးကျောင်း၊ ရိပ်သာဘုန်းတော်ကြီးကျောင်းနှင့် တနင်္သာရီခန်းမ တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီးကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်
Reviewed by THITHTOOLWIN
on
20:42
Rating: