လားရှိုးတွင် အိမ်စီးကားတစ်စီး ဓါတ်တိုက်ဝင်တိုက်ပြီးမီးလောင်


တောင်ကြီး၊သြဂုတ်၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၈)၊ လားရှိုး-သိန်းနီလမ်း၊ စိန်ကြည် ဘိလမ်မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်အနီးမှာယနေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက်၎နာရီအချိန်ခန့်က အမျိုးသားတစ်ဦး မောင်းနှင်လာသော အိမ်စီးကားတစ်စီး ဓါတ်တိုင်ကို ဝင်ရောက်တိုက်မိကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လားရှိုးယာဉ်ထိန်းရုံးထံမှ သိရပါတယ်။


အဆိုပါစိန်ကြည် ဘိလမ်မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်အနီးမှာ မန်ဆူဈေးဘက်မှ ရေပန်းလမ်းဆုံဘက်သို့ ယာဉ်မောင်း အမည်/နေရပ်လိပ်စာ(စုံစမ်းဆဲ)၊အသက်၁၈နှစ်ခန့်အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ ယာဉ်အမှတ် MDY-2L/4217 Toyota Crownယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မှာမီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။


ယာဉ်မောင်းဖြစ်သူမှာ ဝဲနဖူးပွန်းခြစ်ဒဏ်ရာ၊ဝဲခြေသလုံးမီးလောင်ဒဏ်ရာ၊သတိကောင်းစွာမရ(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။


ယင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး အများပြည်သူဆိုင်ရာလမ်းမကြီးပေါ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစေကာ မိမိကိုကိုယ်ဒဏ်ရာရရှိစေသူ ယာဉ်မောင်းကို လားရှိုးမြို့မရဲစခန်းမှာ ပ/၃၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉၊၃၃၈၊၂၈၅အရ အမှုရေးဖွင့်ထားပြီး အသေးစိတ်ကိုစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လားရှိုးတွင် အိမ်စီးကားတစ်စီး ဓါတ်တိုက်ဝင်တိုက်ပြီးမီးလောင် လားရှိုးတွင် အိမ်စီးကားတစ်စီး ဓါတ်တိုက်ဝင်တိုက်ပြီးမီးလောင် Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.