သွင်းကုန်ပမာဏ မြင့်တက်မှုကို ကာကွယ်ပေးမယ့် ဥပဒေကြမ်းလွှတ်တော်တွင် အတည်ပြု


ရန်ကုန်၊ သြဂုတ် ၂၃

သွင်းကုန်ပမာဏ မြင့်တက်မှုကို ကာကွယ်ပေးမယ့် ဥပဒေကြမ်းကို ယမန်နေ့ သြဂုတ်လ ၂၂ ရက်နေ့က အမျိုး သားလွှတ်တော် အစည်းဝေးမှာ အတည်ပြုလိုက် ပါတယ်။

အဆိုပါ ဥပဒေကြမ်းက ပြည်ပကနေ တင်သွင်းလာတဲ့ သွင်းကုန်တွေ အဆမတန် များပြားလာတာကြောင့် နိုင်ငံ အတွင်းက ပြည်တွင်းလုပ်ငန်းရှင်တွေ ဆိုးရွားစွာထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရာတာတွေကို လျော့ပါးသွားစေမယ် လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဆိုပါတယ်။

" မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ ကုန်စည်တစ်မျိုးမျိုးရဲ့ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းအ သေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ ကုစားပေးဖို့အတွက် သွင်းကုန်ပ မာဏ မြင့်တက်ခြင်းက ကာကွယ်ပေးဖို့ ဥပဒေကြမ်း တင်သွင်းရခြင်း ဖြစ်ပါတယ်" လို့ ဒုတိယ၀န်ကြီး ဦးအောင် ထူးက ပြောပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြည်တွင်းရှိ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ကုန်သည်လုပ်ငန်းရှင် တွေရဲ့ ဆွေးနွေးအကြံပြုချက်တွေအပေါ် မူတည်ပြီး ရေးဆွဲထားတာ ဖြစ်တယ်လို့ ဒုတိယ၀န်ကြီးက ပြောပါ တယ်။

ယင်းဥပဒေကြမ်းကို ပြည်ပထုတ်ကုန်တွေဟာ ပြည်တွင်းကုန်စည် ထုတ်လုပ်သူတွေအပေါ် ပြင်းထန်သော ထိခိုက် နစ်နာမှု (ဒါမှမဟုတ်) ဒီလိုဖြစ်ပေါ်စေဖို့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်လာပါက ကာကွယ်ကုစားပေးဖို့ အစီအမံတွေကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

လင်းပြည့်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သွင်းကုန်ပမာဏ မြင့်တက်မှုကို ကာကွယ်ပေးမယ့် ဥပဒေကြမ်းလွှတ်တော်တွင် အတည်ပြု သွင်းကုန်ပမာဏ မြင့်တက်မှုကို ကာကွယ်ပေးမယ့် ဥပဒေကြမ်းလွှတ်တော်တွင် အတည်ပြု Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.