ရုရှားနဲ့ နျူကလီးယားလက်နက်စာချုပ် အမေရိကန် တရားဝင်နှုတ်ထွက်

ရုရှားနိုင်ငံဟာ INF စာချုပ်ကို ချိုးဖောက်ပြီး ထုတ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင်က ပစ်တဲ့ ဒုံးကျည် (ဓာတ်ပုံ-ရိုက်တာ)
အမေရိကန်ပြည်ထောင်စုဟာ INF လို့ အတိုကောက်ခေါ်တဲ့ တာလတ်ပစ် နျူကလီးယားလက်နက်များဆိုင်ရာ သဘောတူစာချုပ် ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါပြီ။ ရုရှားက သူတို့ရဲ့ ဒုံးကျည်အသစ်တွေကိုဖျက်ဆီးဖို့ ငြင်းဆန်ပြီးတဲ့နောက် အမေရိကန်ကလည်း နျူကလီးယားဒုံးကျည်အသစ်တွေ ထုတ်မှာဖြစ်တဲ့အတွက် အခုလို INF စာချုပ်ကနေ နုတ်ထွက်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က “ရုရှားနိုင်ငံဟာ စာချုပ်ကို ချိုးဖောက်ပြီး ထုတ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင် ကပစ်တဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပြီး စာချုပ်ကို လိုက်နာတယ်ဆိုတာ အပြည့်အဝ သက်သေပြတာမျိုး မလုပ်ခဲ့ပါဘူး။ စာချုပ် ပျက်စီးသွားရတဲ့အပေါ်ရုရှားမှာပဲ လုံးဝ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ “ရုရှားက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ထားတဲ့ သဘောတူညီချက်မှာ ဆက်ပါနေမှာ မဟုတ်ပါ ဘူး၊ စာချုပ်ကိုဖောက်ဖျက်ပြီး ဒုံးကျည်တွေ ထုတ်လုပ် ဖြန့်ချထားတာဟာ အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်မှုတခု ဖြစ်လာနေတာနဲ့အမျှ စာချုပ်ကို ရုရှားက လိုက်နာမှုမရှိတာဟာ အမေရိကန်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်” လို့ ဝန်ကြီး Pompeo က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

စစ်အေးကာလက ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင် INF သဘောတူညီချက်ကို အစားထိုးဖို့ သဘောတူညီချက်တခု ရနိုင်မယ်လို့ မျှော်လင့် တဲ့အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ