ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားတဦး ငါးရှော့တိုက်သေဆုံး


သြဂုတ်လ ၁၃ ရက် ၂၀၁၉

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ်တွင် အသက် ၄၁ နှစ် အရွယ် ရွှေ့ပြောင်း အလုပ် သမား တဦး ငါးရှော့တိုက်ရာမှ ဝါယာရှော့ဖြစ်ကာ ချောင်းအတွင်း သေဆုံးနေကြောင်း ချင်းမိုင် သတင်းတွင် ရေးသားဖော်ပြထားသည်။

သြဂုတ်လ ၁၃ ရက် နေ့လည် ၂ နာရီခွဲကျော်တွင် ချင်းမိုင်မြို့ ဟန်ဒုံးမြို့နယ်ရှိ ချောင်းတခုအတွင်း ရွှေ့ပြောင်းအလုပ်သမား စိုင်းဒေါန သေဆုံးနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ သေဆုံးမှု တွင် ဒဏ်ရာ ဒဏ်ချက် မတွေ့ရဘဲ ငါးရှော့ တိုက်ရာမှ ဝါယာရှော့ ဖြစ်ကာ သေဆုံးသည် ချင်းမိုင် သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင် ရဲ ပြောပြချက် အရ “ ဒေသခံတွေက လူတဦး ရေကန်ထဲမှာ သေနေတယ်ဆိုတာ ပြောလို့ကျနော်တို့ သွားကြည့်တယ်။ ဘာဒဏ်ရာ မှ မတွေ့ရဘူး။ နောက် သူခန္ဓာကိုယ်မှာ ငါးရှော့တိုက်တဲ့ ဘက်ထရီတွေ ပါတယ်။ ငါးရှော့တိုက်ရင်းသေတယ်လို့ ယူဆ ရတယ်” ဟု ပြောဆိုထားသည်။

သေဆုံးသူကို ချောင်းထဲမှ ဆယ်ယူကာ ဆေးရုံသို့ ပို့ဆောင်ပြီး သေဆုံးသူ ရုပ်အလောင်းကို မိသားစုဝင်များထံအပ်နှံလိုက်ပြီ ဖြစ်ကြောင်းလည်း ရဲက ပြောဆိုထားသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားတဦး ငါးရှော့တိုက်သေဆုံး ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားတဦး ငါးရှော့တိုက်သေဆုံး Reviewed by THITHTOOLWIN on 23:52 Rating: 5
Powered by Blogger.