မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ


သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာ တောင်ပြိုမှုမှာ သြဂုတ်လ ၁၀ ရက် နံနက် ၁၀း၄၅ နာရီ အချိန် အထိ သေဆုံးသူ (၇) ဦး ရဲ့ ရုပ်အလောင်းတွေကို ထပ်မံရှာဖွေတွေ့ရှိခဲ့လို့ သေဆုံးသူ အရေအတွက်ဟာ (၂၉) ဦး အထိ တိုးလာခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တောင်မြေပြိုမှုမှာ အသက်ရှင်ရက် ပြန်တွေ့သူ ၂၉ ဦး ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

 သြဂုတ်လ ၉ ရက် ည ၉ နာရီအချိန်မှာ သုံးဘီးကား တစ်စီး မြေအောက် နစ်မြုပ်နေတာကို ကယ်ဆယ်နေတဲ့ မြင်ကွင်း
သြဂုတ်လ ၉ ရက်နေ့မနက် ၆နာရီခွဲခန့်က စတင်ကာ တောင်မြေပြိုကျမှုကြောင့် ရန်ကုန် -မော်လမြိုင် ကားလမ်း ဘေးရှိ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း၊ လူနေအိမ်အချို့၊ ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ အိမ်စီး မော်တော်ယာဉ်တို့ လွင့်စင် မျောပါသွားပြီး တောင်မြေသားများ ဖုံးဖိသွားခဲ့တာဖြစ်ပါတယ်။

အိမ်ခြေ ၁၁ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း မြေကြီးတွေ ပိမိသွားတာ ဖြစ်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မြေပြိုမှုကို သြဂုတ်လ ၉ ရက်နေ့နဲ့ တညလုံး မြေတူးစက်တွေ မြေသယ်ကားတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေး တွေလုပ်ဆောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.