အင်းလေးကန်အတွင်းရှိစက်လှေပေါ်မှာ အမည်မသိလူတစ်ယောက်သေဆုံးနေ



Share/Bookmark
ဓာတ်ပုံ-moe sat moe sat
တောင်ကြီး၊သြဂုတ်၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နန်းပန်ကျေးရွာအုပ်စု၊ ပေါက်ပါးကျေးရွာအရှေ့မြောက်ဘက်၊ အင်းလေးကန်ရေပြင်ပေါ်ရှိ စက်တပ်လှေငယ်အသေးပေါ်မှာ သြဂုတ်လ ၁၉ရက်၊ နံနက်ပိုင်းအချိန်က အမည်မသိလူတစ်ယောက် သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ညောင်ရွှေမြို့မရဲစခန်းထံမှ သိရပါတယ်။

သေဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေတာဖြစ်ပြီးတော့ အလောင်းကို နမ်းပန်ဆေးရုံကိုပို့ဆောင်ကာ အသေးစိတ်ကို စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီးတော့ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန်အတွက် ညောင်ရွှေမြို့မရဲစခန်းမှာ သေမှုသေခင်းအရအမှုဖွင့်လှစ်ထားပြီးဖြစ်စဉ်ကိုအသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ