လုံးတုံ ရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံနှစ်ဦးကို ဓါးနှင့်ခုတ်သေနတ်နှင့် ပစ်သတ်မှုဖြစ်ပွား


မိုးညှင်း ဩဂုတ် ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေ အောင်ချမ်းသာကျေးရွာအနီး လယ်တောတဲတွင် ဇနီးမောင်နှံ(၂)ဦးကို ဓါးနှင့်ခုတ်သေနတ်နှင့် ပစ်သတ်မှုဖြစ်ပွားခဲ့သည် ။

ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီ ၁ဝ မိနစ် ခန့်က မိုးညှင်းမြို့နယ် ချောင်းဝကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာနေ ဦးသောင်းထွန်း ၃၇နှစ်သည် ကျေးရွာတာဝန်ခံဆောင်ရွက် နေစဉ် ၎င်းရွာ၏အရှေ့ဘက် ၁မိုင်ခန့်အကွာ နန့်ပလန်းကွင်းလယ်တောတွင် နေထိုင်သူဦးကျော်ထွန်းဦးက ၎င်းလယ်တဲ၏ အရှေ့ဘက်ရှိ လယ်ပိုင်ရှင်ဦးကျော်ထွန်းဦး၏လယ်တွင် စာရင်းငှားလုပ်ကိုင်နေသူ မျိုးသင်းဦးနှင့် မသီတာအေးတို့ ဇနီးမောင်နှံမှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အကြောင်းကြားလာသဖြင့် ဦးသောင်းထွန်းသည် ချောင်းဝကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့်အဖွဲ့တို့အား အကြောင်းကြားပြီးသွားရောက် ကြည့်ရှု့စစ်ဆေးရာ မျိုးသင်းဦး ၃၃နှစ် နန့်ခမ်းကျေးရွာ မိုးညှင်းမြို့နယ်နေသူမှာ လယ်တဲပေါ်တွင်ပက် လက်လှန် အနေအထားဖြင့် ဓားဒဏ်ရာ ၊ ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း ဇနီးဖြစ်သူ မသီတာအေး ၃၃နှစ်၊ ရွာသစ်ကျေးရွာ ၊ မိုးညှင်းမြို့နယ်နေသူမှာ လယ်တဲ၏အနောက်မြောက်ဘက် မြေကြီးပေါ်တွင် ဓားဒဏ်ရာ ၊ ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိသဖြင့် ဦးသောင်းထွန်းက လုံးတုံနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လုံးတုံ ရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံနှစ်ဦးကို ဓါးနှင့်ခုတ်သေနတ်နှင့် ပစ်သတ်မှုဖြစ်ပွား လုံးတုံ ရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံနှစ်ဦးကို ဓါးနှင့်ခုတ်သေနတ်နှင့် ပစ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.