ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်မှုအားနည်းနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်မှုအားနည်းနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာ
 ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ဖို့ တပ်မတော်က စစ်တိုင်းငါးတိုင်းမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးခဲ့ပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ထိရောက်မှုအားနည်းနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

တပ်မတော်က ၂ဝ၁၈ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂ဝ၁၉ ဧပြီလ ၃၀ ရက်နေ့အထိ တကြိမ်၊ ၂ဝ၁၉ မေလ ၁ ရက်ကနေ ဇွန်လ ၃ဝ ရက်နေ့ထိ တကြိမ်၊ ဇူလိုင်လ ၁ ရက်ကနေ၊ သြဂုတ်လ ၃၁ ရက်ထိ တကြိမ် ၃ ကြိမ် စစ်တိုင်း ငါးတိုင်းမှာ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းအကြောင်း ကြေညာခဲ့တာပါ။

အဲဒီစစ်တိုင်း တွေထဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်နဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွေ ပါဝင်ပါတယ်။

စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းပေးခဲ့တဲ့ ကာလတွေ အတွင်း တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ထိရောက်မှုအားနည်းနေကြောင်းနဲ့ တပ်မတော်က သက်တမ်း တိုးမြှင့်ပေးထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကာလဟာလည်း ကုန်ဆုံးတော့မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် သက်တမ်းထပ် တိုးမတိုးဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်မှုအားနည်းနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်မှုအားနည်းနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာ Reviewed by THITHTOOLWIN on 12:48 Rating: 5
Powered by Blogger.