မိုးညှင်းမြို့နယ်တွင် ဟိုပင်ဘူတာနှင့် နန်းခွင် ဘူတာအကြား ကုန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွား


မိုးညှင်း ဩဂုတ် ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဘူတာနှင့်မိုးကောင်းမြို့နယ် နန်းခွင် ဘူတာအကြားတွင်ဩဂုတ် ၁၃ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်က ကုန်ရထားတစ်စင်းလမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် အမှတ်(၅၅)အဆန် အထူးအမြန်ရထားမှာ ဟိုပင်ဘူတာတွင်ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊မြို့ဟောင်းဘူတာမှမြစ်ကြီးနားမြို့သို့ စက်ခေါင်းမောင်း ဦးရဲထွန်းမောင်းနှင်လာသောစက်ခေါင်းအမှတ် DF-1376 သည်မိုးညှင်းမြို့နယ် ဟိုပင်ဘူတာနှင့်မိုးကောင်းမြို့နယ် နန်းခွင်ဘူတာအကြား မိုင်တိုင်အမှတ် (654/14)နှင့်(654/15)အကြားအရောက်တွင် စက်ခေါင်းတွဲ၏ နောက်(၉)တွဲ မြောက်ဖြစ်သော GBHAH 40823 ၏ဘီးအမှတ်(၃နှင့်၅)မှာ သံလမ်းအတွင်း တစ်ပေခန့်ချော်ကျကာ ဘီးအမှတ်(၆)သည် သံလမ်းအပြင်ဖက် တစ်ပေခန့် ချော်ကျခဲ့သည်။

အဆိုပါလမ်းချော်ရာသို့မိုးညှင်းမြို့မြန်မာ့မီးရထားမှ အထူးရထား စက်ခေါင်း အမှတ် DD-1216 ဖြင့် တိုင်းစက်မှုအင်္ဂျင်နီယာ ဦးသက်လွင်နှင့် လမ်းလုပ်သား (၂၅)ဦးတို့က မီးရထားစီးခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရေး အတွက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရထားလမ်းချော်မှုကြောင့်မန္တလေးဘက်မှမြစ်ကြီးနား ဘက်သို့ ထွက်ခွာလာသောအမှတ်(၅၅)အဆန်အထူးအမြန်ရထားသည်ဟိုပင်ဘူတာတွင် ရပ်နားထားခဲ့ရပြီး ရထားတွဲချော်မှုကြောင့် စက်ခေါင်းမောင်းရထားဝန် ထမ်း များနှင့် ရထားပေါ်လိုက်ပါသူများမှာတစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၏ အချိန်မီပြုပြင်မှုကြောင့် ရထားလမ်းပွင့်ကာပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းမြို့နယ်တွင် ဟိုပင်ဘူတာနှင့် နန်းခွင် ဘူတာအကြား ကုန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွား မိုးညှင်းမြို့နယ်တွင် ဟိုပင်ဘူတာနှင့် နန်းခွင် ဘူတာအကြား ကုန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:50 Rating: 5
Powered by Blogger.