ဒေါင်းတို့မျိုးဆက်အမှု တရားလိုဘက်က နောက်တိုးသက်သေတင်သွင်း



Share/Bookmark
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ရန်ကုန်မြို့၊ မရမ်းကုန်းတရားရုံးမှာ ၂၀၁၉၊ ဇူလိုင် ၃၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ရန်ကုန်မြို့၊ မရမ်းကုန်းတရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် နှစ်ပတ်ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဒီနေ့ရုံးချိန်မှာ အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ တရားလိုဘက်က နောက်တိုးသက်သေအဖြစ် နှစ်ဦးကို ထပ်မံတင်သွင်းခဲ့ရာမှာ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေကတော့ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက လက်ခံလိုက်ပါတယ်။

မူလက တရားလိုဘက်က သက်သေ ငါးဦးတင်သွင်းထားပြီး တရားရုံးက သက်သေ နှစ်ဦးကို ပယ်ဖျက်ခဲ့ရာ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က နောက်တိုးသက်သေအဖြစ် နှစ်ဦးကို ထပ်မံတင်သွင်းခဲ့တာပါ။

ပုံမှန်ဆိုရင် ရုံးချိန်းကို တစ်ပတ်တစ်ခါ ချိန်းဆိုတယ်ဆိုပေမယ့် လာမယ့်ရုံးချိန်းကိုတော့ တရားသူကြီးအပြောင်းအလဲနဲ့ တခြားကိစ္စတွေကြောင့် နောက်နှစ်ပတ်ကို ထပ်မံချိန်းဆိုလိုက်တာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုတွေမှာ တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့တဲ့ ပြကွက်တချို့ဟာ တပ်မတော်ကို အများပြည်သူ အထင်အမြင် လွဲမှားစေနိုင်တယ်ဆိုပြီး ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်းတို့ ငါးယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ