မြန်မာနိုင်ငံကို ၀က်တုပ်ကွေးရောဂါနဲ့ ရင်ဆိုင်နေရတဲ့ သတ္တမမြောက် အာရှနိုင်ငံအဖြစ်သတ်မှတ်

Photo: TIM SLOAN / AFP
ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံကို အာဖရိက ၀က်တုပ်ကွေး ကူးစက်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ သတ္တမမြောက် အာရှနိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကောင်စီကလည်း မြန်မာနိုင်ငံက ၀က်သားနဲ့ ၀က်သားထွက် စားသောက်ကုန်တွေ တင်သွင်းရင် ချမှတ်မယ့်ဒဏ်ငွေကို အမေရိကန်ဒေါ်လာ ခြောက်သောင်းသုံးထောင် ကျော်အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

အခုအခါ အာဖရိက ၀က်တုပ်ကွေးရောဂါဟာ တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားနဲ့ လာအို နိုင်ငံတွေမှာ ဖြစ်ပွားခဲ့ပြီး အခုအခါ မြန်မာနိုင်ငံတွင်းကို ၀င်ရောက်ကူးစက်လာခဲ့တာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာနိုင်ငံကို ၀က်တုပ်ကွေးရောဂါနဲ့ ရင်ဆိုင်နေရတဲ့ သတ္တမမြောက် အာရှနိုင်ငံအဖြစ်သတ်မှတ် မြန်မာနိုင်ငံကို ၀က်တုပ်ကွေးရောဂါနဲ့ ရင်ဆိုင်နေရတဲ့ သတ္တမမြောက် အာရှနိုင်ငံအဖြစ်သတ်မှတ် Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.