ဒီးဒူးကုန်း-ချောင်းဝကားလမ်းတွင် ဆိုင်ကယ်နှင့်ကားတို့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး


ဟိုင်းကြီးကျွန်း သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဒီးဒူးကုန်းကျေးရွာအုပ်စုနှင့် ချောင်းဝကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် ဒီးဒူးကုန်း-ချောင်းဝကားလမ်း တွင် သြဂုတ် ၁၈ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ကားလမ်းအတိုင်း မောင်းနှင်လာသောယာဉ်နှင့် လမ်းသွယ်မှ ဖြတ်ထွက်လာသောဆိုင်ကယ်တို့ တိုက်မိရာက ဆိုင်ကယ်မောင်းသူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သြဂုတ်၁၉ရက် နံနက် ၃ နာရီခန့်တွင် ပြင်ခရိုင်တိုက်နယ်ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရရသည်။

သြဂုတ် ၁၈ရက် ညပိုင်းတွင် ပြင်ခရိုင်ကျေးရွာမှ ကျောက်ကလပ် ကျေးရွာသို့ ယာဉ် မောင်း ပြည့်ဖြိုးအောင်က ဒီးဒူး ကုန်း-ချောင်းဝကားလမ်း မကြီးအတိုင်း မောင်းနှင်လာစဉ် သာယာချောင်းကျေးရွာ သင်္ဘောဆိပ်နေ သူ ရဲဇော်(ခ)မှတ်ကြီးမောင်းနှင်လာသော ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် ၁မိုင်၇ဖာလုံအနီးတွင် လမ်းသွယ်မှဖြတ်ထွက်လာစဉ် ဆိုင်ကယ်၏ အောက်ပိုင်းအား ကား၏ဝဲဘက်ဦးခေါင်းပိုင်းနှင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ယင်းယာဉ်တိုက် မှုဖြစ်စဉ်အတွင်း ဆိုင် ကယ်မောင်းနှင်သူမှာ ပြင်းထန်စွာဒဏ်ရာရှိခဲ့သောကြောင့် ပြင်ခရိုင်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုမှုခံယူနေစဉ် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သြဂုတ် ၁၉ ရက် နံနက် ၃ နာရီ ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒီးဒူးကုန်း-ချောင်းဝကားလမ်းတွင် ဆိုင်ကယ်နှင့်ကားတို့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး ဒီးဒူးကုန်း-ချောင်းဝကားလမ်းတွင် ဆိုင်ကယ်နှင့်ကားတို့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး Reviewed by THITHTOOLWIN on 00:07 Rating: 5
Powered by Blogger.