အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံ နှစ်ဦးကိုသတ်ခဲ့သူ နှစ်ဦးအားဖမ်းဆီးရမိ


မိုးညှင်း ဩဂုတ် ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံရဲစခန်းပိုင် နယ်မြေတွင် ဇနီးမောင်နှံ နှစ်ဦးကိုသတ်ခဲ့သူ နှစ်ဦးတွင် တစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံတစ်ဦးကို ဩဂုတ် ၂၄ ရက် ညနေ ၇နာရီခွဲ ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ ဩဂုတ် ၂၁ရက် က အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာနှင့် တစ်မိုင်ခန့်အကွာ နန့်ပလန်းကွင်း လယ်တောတဲတွင် ဇနီးမောင်နှံ ၂ ဦးအသတ် ခံရမှုဖြစ်စဉ်ကြောင့် လုံးတုံနယ်မြေရဲစခန်းက ရဲအုပ်နေလင်းဦးနှင့်အဖွဲ့မှ တရားခံကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ မျိုးသင်းဦးနှင့် မသီတာအေးတို့၏နောက်ကြောင်းအားစုံစမ်းခဲ့ရာ ၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သော ၃လခန့်ကအိမ်ထောင်ကျခဲ့ကြောင်း မသီတာအေး ၃၃နှစ်မှာ ရွာသစ်ကျေးရွာ လုံးစန့်ကျေးရွာအုပ်စု မိုးညှင်းမြို့နယ်တွင်နေထိုင်ပြီး ၂၀၁၉ခုနှစ် မတ်လတွင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အင်းသာရပ်ကွက်တွင် နေထိုင်သူ သက်ခိုင်ဦးနှင့်ချစ်ကြိုက်နေစဉ် မျိုးသင်းဦးနှင့်ထပ်မံချစ်ကြိုက်ကာ လွန်ခဲ့သော ၃လခန့်မှအကြင်လင်မယားအဖြစ်ပေါင်းနေထိုင်ခဲ့ကြကြောင်း သက်ခိုင်ဦးမှာ အသက် ၆၅နှစ်အရွယ်ဒေါ်ခင်လှနှင့် အိမ်ထောင်ကျပြီး မနခေါကျေးရွာ မြောက်ဘက်၎င်းလယ်တောတဲတွင်နေထိုင်ပြီး ဇနီးဖြစ်သူဒေါ်ခင်လှမှာ မနခေါ ကျေးရွာတွင်နေထိုင်ကြောင်းသိရသဖြင့် သက်ခိုင်ဦးနေထိုင်သောလယ်တောသို့ သွားရောက်ရှာဖွေရာ မတွေ့ရသဖြင့် ဒေါ်ခင်လှအိမ်သိုသွားရောက်၍ ဒေါ်ခင်လှမှတဆင့် ဖုန်းဖြင့်ဆက်သွယ်ရာ ၎င်းမှာသူ့ကိုယ်သူသတ်သေတော့မည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ ဦးယော(ခ)သိန်း အောင် ၅၂ နှစ်ပါဝင်ကြောင်း ပြောကြားသဖြင့် ဩဂုတ် ၂၃ရက် နံနက် ၄နာရီခွဲအချိန်တွင် မနခေါကျေးရွာ ဦးယော(ခ) ဦးသိန်းအောင်လယ် လုပ်ကိုင်သည့်လယ်ထဲသို့သွားရောက်ရာဖွေရာအဆိုပါ နံနက် ၁ဝနာရီ ၄ဝ မိနစ်တွင် ဦးယောအား ဖမ်းဆီးခဲ့သည် ။

ဆက်လက်၍ဦးယောအား စစ်ဆေးမေးမြန်းရာ လယ်ချင်းကပ်ဖြစ်သူ သက်ခိုင်ဦးနှင့်ရင်းနှီးပြီး မကြာခဏ အရက်အတူသောက်ကြောင်း သက်ခိုင်ဦးမှ ယခင်ကချစ်ကြိုက်ဖူးသူမသီတာအေး၏ခင်ပွန်းဖြစ်သူ မျိုးသင်းဦးအား မကျေနပ်ကြောင်း ဩဂုတ် ၂၁ရက် ညနေ ၄ နာရီအချိန်တွင် ၎င်းအားလာခေါ်၍အရက်တိုက်ပြီး မျိုးသင်းဦးနှင့် မသီတာအေးကို သွားသတ်မည်ဟုပြောကြားကာ သက်ခိုင်ဦး၏ တူမီးသေနတ်၂လက်ကို တစ်ယောက် တစ်လက်ကိုင်ဆောင်ပြီး သက်ခိုင်ဦးမှဓါးဦးချွန်တစ်လက် ကိုင်ဆောင်ကာ ည ၈ နာရီခွဲ အချိန်တွင် မျိုးခိုင်ဦးတို့လယ်တဲသို့သွားခဲ့ကြောင်း လယ်တဲအနီးသစ်ပင်အောက်တွင်နေထိုင်ပြီး ည ၁ဝ နာရီကျော် အချိန် မျိုးသင်းဦးတို့လင်မယားအိပ်ပျော်နေချိန် သက်ခိုင်ဦးမှ လယ်တဲပေါ်တက်၍ တူမီးသေနတ်ဖြင့် မျိုးသင်းဦးရင်ဘတ်အား ပစ်ကာဓါးဖြင့်ခုတ်ကြောင်း မသီတာအေးကိုလည်းဓါးဖြင့်ထိုးကြောင်း မသီတာအေးမှ
သွေးရူးသွေးတန်းဖြင့်ထပြေးစဉ် သက်ခိုင်ဦးမှ တူးမီးသေနတ်ဖြင့်ပစ်ခဲ့ကြောင်း ထို့နောက် ၎င်းတို့နှစ်ဦးမှ လယ်ကွင်းများသို့ဖြတ်ပြေးခဲ့ရာ သက်ခိုင်ဦး လယ်တောတဲအနီးအရောက်တွင်တူမီးသေနတ် ၂လက်အားတဲ အနီးခြုံထဲတွင် ဖွက်ထားရန်ပြောပြီး ၎င်း၏တဲဘက်သို့ ဓားချွန်ကို ယူဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးယောမှ အဆိုပါသက်သေခံတူမီး ၂လက်ဖွက်ထားရာ နေရာအားလိုက်လံပြသခဲ့သဖြင့်သက် သေများနှင့်အတူရှာဖွေပုံစံဖြင့်ရေးသွင်း သိမ်းဆည်းကာဖမ်ဆီးခဲ့သည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူဦးယော (ခ)သိန်းအောင် ၅၂ နှစ်အားဖမ်းဆီးရမိခဲ့ပြီး လူသတ်တရားခံသက်ခိုင်ဦးအား ဖမ်းဆီးရမိရေးအတွက် ကြိုးစားရှာဖွေခဲ့ရာ ယနေ့ည ၇နာရီခွဲ ခန့်တွင် သက်ခိုင်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံ နှစ်ဦးကိုသတ်ခဲ့သူ နှစ်ဦးအားဖမ်းဆီးရမိ အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေ လယ်တောတဲတွင် ဇနီးမောင်နှံ နှစ်ဦးကိုသတ်ခဲ့သူ နှစ်ဦးအားဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.