တနင်္သာရီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် ၁၀ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ


တနင်္သာရီမြို့နယ် ၊သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာတွင် သြဂုတ်လ ၅ ရက်နေ့က ၁၀ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

သာရဘွင်ကျေးရွာတွင်နေထိုင်တဲ့ ဦးသောင်းလွင်ဆိုသူက တစ်ရွာတည်းနေသူ စိတ်ကျန်းမာရေးမကောင်းသည့် မ… … …(၁၀)နှစ်၊အား နေအိမ်အပေါ်ထပ်သို့ ခေါ်ဆောင်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

အဓမ္မပြုကျင့်သူ ဦးသောင်းလွင်(၅၄)နှစ်၊အား တနင်္သာရီမြို့မရစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (fb)
တနင်္သာရီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် ၁၀ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ တနင်္သာရီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် ၁၀ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.