အရက်​မူးပြီး ဓားကိုင်​​သောင်းကြမ်းသူ အစ်​ကိုအား ညီဖြစ်​သူက မြက်​ခုတ်​ဓားဖြင့် ခုတ်​သတ်


ကျောင်းကုန်း ဩဂုတ်​ ၁၂

ဧရာဝတီတိုင်း​ဒေသကြီး၊ပုသိမ်​ခရိုင်​၊​ကျောင်းကုန်းမြို့နယ်​၊စံပါယ်​ရုံအုပ်​စု၊တာကုန်းကျေးရွာတွင်​ ယမန်​​နေ့ည ၁၀ နာရီအချိန်​ခန့်၌ အရက်​မူးပြီး ဓားကိုင်​​သောင်းကြမ်းသူအစ်​ကိုအား ညီဖြစ်​သူကမြက်​ခုတ်​ဓားဖြင့် ခုတ်​သတ်​မှု ဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ တရားလို ဒုရဲအုပ်​လှမိုးသည်​ လှည်းဆိပ်​ရဲကင်းစခန်းတွင်​ ရဲကင်းမှူးတာဝန်​​ ​ဆောင်​ရွက်​​နေစဉ်​ စံပါယ်​ရုံအုပ်​စု၊တာကုန်း​ကျေးရွာ​နေ တင်​ဆန်းဝင်း(ခ)ဖိုးခွား(၂၉)နှစ်​မှာ ဓာဒဏ်​ရာများဖြင့် ​သေဆုံး​နေ​ကြောင်း သတင်းအရ သက်​​သေများနှင့်အတူသွား​ရောက်​စစ်​​ဆေးရာ ၄င်း၏​နေအိမ်​​ရှေ့ခန်း ကြမ်းပြင်​​ပေါ်တွင်​ ​မှောက်​လျက်​​ သွေးများထွက်​ကာ ​​သေဆုံး​နေ​ကြောင်း၊ ၄င်းနှင့်အတူ​နေထိုင်​သူဖခင်​နှင့် ညီဖြစ်​သူတို့ ​ပျောက်​ဆုံး​နေ​ကြောင်း ​တွေ့ရှိရသည်​။မေးမြန်းကြည့်ရာ ​သေဆုံးသူသည်​ ည၁၀ နာရီအချိန်​ခန့်က အရက်​မူးပြီး ဓားကိုင်​ကာ ​နေအိမ်​ရှိ မိသားစုများအား ရမ်းကား​သော​ကြောင့် ရွာ အပြင်ရှိ ​ဆွေမျိုးများထံ သွား​ရောက်​တိမ်းရှောင်​​နေ​ကြောင်းနှင့် ညီဖြစ်​သူ သန်း​ဇော်​ဦး(၂၇)နှစ်​ မှာ​သေဆုံးသူနှင့်အပြန်​အလှန်​ ​အော်​ဟစ်​စကားများ ရန်​ဖြစ်​​ကြောင်း သတင်းအရ လိုက်​လံရှာ​ဖွေရာ အခင်းဖြစ်​​နေအိမ်​​နောက်​ဘက်​ငှက်​​ပျော​တောအတွင်း​တွေ့ရှိ၍ ဖမ်းဆီးကာ သက်​​သေများ​ရှေ့တွင်​ မြက်​ခုတ်​ဓားအား အပ်​နှံခဲ့​ကြောင်း၊ မိသားစုအား အကြိမ်​ကြိမ်​ ​စော်​ကားခဲ့မှုများ​ကြောင့် ညီအရင်းမှ မခံနိုင်​၍ မြက်​ခုတ်​ဓားဖြင့် ခုတ်​သတ်​ခဲ့​ကြောင်း စစ်​​ဆေးပေါ်​ပေါက်​သဖြင့် ​ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း မြို့မရဲစခန်းက သိရသည်​။

ဝင်းကြိုင်​(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်​မူးပြီး ဓားကိုင်​​သောင်းကြမ်းသူ အစ်​ကိုအား ညီဖြစ်​သူက မြက်​ခုတ်​ဓားဖြင့် ခုတ်​သတ်​ အရက်​မူးပြီး ဓားကိုင်​​သောင်းကြမ်းသူ အစ်​ကိုအား ညီဖြစ်​သူက မြက်​ခုတ်​ဓားဖြင့် ခုတ်​သတ်​ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.