ကော့သောင်းတွင် စားသောက်ဆိုင်အလုပ်သမား အမျိုးသမီးနှစ်ဦး နှိပ်စက်ခံရမှု အတွက် အမှုဖွင့်


20.8.2019

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ၊ အေးရိပ်ငြိမ်ရပ်ကွက် တွင် ဖွင်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှ အလုပ်သမား ၂ ဦးကို ဆိုင်ရှင်မှ အခန်းတွင်းပိတ်လှောင် ညှင်းပမ်းနှိပ်စက်ခဲ့တာကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကော့သောင်းမြို့မရဲစခန်းသို့ လာရောက် အမှုဖွင့် ထားကြောင်းသိရပါတယ်။

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တစ်ခုမှ ဆိုင်အလုပ်သမားအမျိုးသမီး ၂ ဦးဖြစ်တဲ့ မစန်းစန်းဝင်းနှင့် မမြတ်မြတ်မိုးတို့ကို ဆိုင်ရှင်ဖြစ်သူက နေအိမ် အိပ်ခန်းအတွင်း ညှင်းပမ်းနှိပ်စက်ခဲ့တာပါ။


အဆိုပါ အလုပ်သမားနှစ်ဦးကို ဆိုင်ရှင် ဒေါ်အေးဆိုသူက နေအိမ်၌အလုပ်များကို ခိုင်းစေခဲ့ပြီး ချုပ်နှောင်ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း ထွက်ပြေးပါက သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် သြဂုတ်လ ၁၂ နှင့် ၁၉ ရက်တို့တွင်နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ပြီး ၄င်းတို့နှစ်ဦးက ရဲစခန်းတွင်တိုင်ကြားထားကြောင်းသိရပါတယ်။

ညှင်းပမ်းနှိပ်စက်ခံရမှုကြောင့် မစန်းစန်းဝင်း အသက် (၃၂) နှစ်၊တွင် ဦးခေါင်း၊ ခြေလက် နာကျင်၊ အမာရွတ်များ၊ ဒူးခေါင်း ရောင်ကိုင်း ဒဏ်ရာများရရှိခဲ့ပြီး မမြတ်မြတ်မိုး အသက် (၃၈) နှစ်၊ တွင် ဝဲပါးစောင် နာကျင် ရောင်ကိုင်း၊ ကျောပြင် ရေနွေးပူလောင်၊ ဒူးနှစ်ဖက် နာကျင်ယောင်ရမ်း၊ ဦးခေါင်းဒဏ်ရာ အမာရွတ်များ အသီးသီးရရှိ ထားသောကြောင့်မှုခင်းဆေးစာဖြင့် ကော့သောင်း ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကာ ဆေးကုသမှုခံနေရကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်ဒေါ်အေးအား ကော့သောင်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ. ၃၂၆/၃၄၂/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရပါတယ်။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik-222869948053294
ကော့သောင်းတွင် စားသောက်ဆိုင်အလုပ်သမား အမျိုးသမီးနှစ်ဦး နှိပ်စက်ခံရမှု အတွက် အမှုဖွင့် ကော့သောင်းတွင် စားသောက်ဆိုင်အလုပ်သမား အမျိုးသမီးနှစ်ဦး နှိပ်စက်ခံရမှု အတွက် အမှုဖွင့် Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.